ဓာတ်ပုံ – Wetlet Informational Network

ဝတ်ရည်၊ ဇူလိုင် ၉ ရက်၊ စဉ့်ကူး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကိုာပြောပါတယ်။

ဒီနေ့ ဇူလိုင် ၉ ရက် မနက်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ၇ ချက်ထက်မနည်း ပစ်ခတ်ပြီး စဉ့်ကူးမြို့နယ် ဆင်သေရွာ အနောက်ဘက်နဲ့ ရွာတော်ရွာ အရှေ့မြောက်ထဲ ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ဆင်သေရွာမှာက ဘုန်းကြီးကျောင်းနားမှာ ကျတော့ ထိခိုက်မှုမရှိဘူး။ လက်နက်ကြီးက မနေ့ကလည်း ပစ်တယ်။ လေကြောင်းကနေ တိုက်ခိုက်တာတော့ မရှိပါဘူး။ တိုက်ပွဲဖြစ်ပွါးခြင်းလည်း မရှိပါဘူး”လို့ ကိုမုန်တိုင်းက ပြောပါတယ်။

စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် စဉ့်ကူးမြို့နယ် ရွာတော်ရွာက အသက် ၆၂အရွယ် ဦးထွန်းငြိမ်း၊ အသက် ၅၉ နှစ် ဦးဝင်းရွှေ၊ အသက် ၃၁ နှစ်အရွယ် ကိုဖိုးတုတ်၊ အသက် ၂၈ နှစ်အရွယ် ‌ကိုဝေလင်းထွန်းနဲ့ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်မာနွယ်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း ထုံးကြီးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာရဲ့အနောက်ဘက်က ကျွန်းပေါ်ရှိ ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသဘက် စစ်တပ်က ကျွန်းပေါ်ကနေ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံ ထိခိုက်ဒဏ်ရာ ရရှိသူလည်း မကြာခဏ ရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်ကိုင်း၊ မတ္တရာ၊ ဝက်လက်နဲ့ စဉ့်ကူးမြို့နယ်အစပ်ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက် လုပ်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်ရှိနေပါတယ်။

စစ်ကောင်စီတပ်က ဒေသခံလူထုတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ လက်နက်ကြီးနဲ့ အချိန်မရွေး ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

စစ်ကောင်စီရဲ့ စစ်ရေယာဉ် အစီး ၂၀ ကသာအနီးသို့ ရောက်ရှိလာ၊ မြစ်ကမ်းဘေး နေထိုင်သူတွေ သတိရှိဖို့ တော်လှန်ရေးတပ်တွေ သတိပေးထား

မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ရေယာဉ် အစီး ၂၀ ခန့်ဟာ ကသာမြို့အနီးကို ရောက်ရှိလာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပေါက်နဲ့မြိုင်မှာ စစ်တပ်က စစ်ကြောင်း ထိုးနေပြီး ဒေသခံ ၆ ဦးကို သတ်ဖြတ်သွား၊ ‌ကျေးရွာ ၁၆ ရွာ ထွက်ပြေးတိမ်းရှောင်နေရ

ရွှေဖီမြေ၊ ဇူလိုင် ၂ ရက်၊ ပေါက် ‌‌မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုအတွင်း ဒေသခံ ၆…

တွန်းဇံမှာ ZRA တပ်ဖွဲ့က အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ ဇွန်လ ၂၉ ရက်က စစ်ဘေးရှောင် အရပ်သားတစ်ဦးကို ဇိုမီးတော်လှန်ရေးတပ်- ZRA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟားခါးမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။