မြတ်နိုး၊ မေ ၃၀

ဖားကန့်မြို့နယ် လုံးခင်း၊ မှော်စီစာ၊ နမ္မဖြစ်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ လတ်တလော ဓားပြတိုက်မှု၊ ခြိမ်းခြောက်လုယက်မှုနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာနေပြီး ဒေသခံပြည်သူတွေ အထူးစိုးရိမ်နေကြရကြောင်း ဒေသခံ‌တွေဆီက သိရပါတယ်။

အခု မေလနောက်ဆုံးပတ်အတွင်း လုံးခင်း၊ မှော်စီစာ၊ နမ္မဖြစ်လမ်းပိုင်းတွေမှာ သေနတ်ကိုင်အဖွဲ့တွေက လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးသလိုလုပ်ပြီး ငွေကြေး၊ ကျောက်၊ ဖုန်းနဲ့ တန်ဖိုးရှိပစ္စည်းတွေ လုယက်ယူဆောင်သွားတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက် မနက်ပိုင်းကလည်း လုံးခင်း ရပ်ကွက် ၃မှာရှိတဲ့ ဦးဂျိုးဇက်ရဲ့ ဝက်ခုံကို သေနတ်ကိုင်ဓားပြတွေ ဝင်ရောက်လုယက်ခဲ့ပြီး ငွေကျပ် သိန်း ၁၂၀ ခန့် ပါသွားတယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“ကျောက်ရောင်းပြန်လာတဲ့ ဒေသခံတချို့လည်း မှော်စီစာဘက်မှာ သေနတ်နဲ့ချိန်ပြီး ငွေကြေးလုယူခံခဲ့ရတာတွေလည်း ကြားနေရတယ်” လို့ သူက ထပ်ပြောပြပါတယ်။

လုံးခင်း၊ မှော်စီစာနဲ့ နမ္မဖြစ်အဝင်လမ်းပိုင်းတွေဟာ လတ်တလော ဓားပြတိုက်မှုအများဆုံး ဖြစ်နေတဲ့ နေရာတွေဖြစ်ပြီး နေ့ခင်းကြောင်တောင် လုယက်မှုတွေရှိသလို ညဘက် ကျောက်ဝိုင်းပြန်ချိန်တွေမှာလည်း လုယက်မှုတွေ ပိုဆိုးလာနေတယ်လို့ ပြောပါတယ်။

တချို့ဖြစ်စဉ်တွေမှာ ငွေသားမပါသူတွေကို KPay ကနေ ငွေလွှဲခိုင်းတာ၊ ဖုန်း Password တွေ ဖွင့်ခိုင်းတာမျိုးအထိ ရှိနေတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“ဓားပြ တိုက်ခံရတဲ့သူတွေ အများကြီးရှိတယ်။ တချို့က ကြောက်လို့ မပြောရဲကြဘူး။ သတင်းထွက်ရင် နောက်ဆက်တွဲပြဿနာဖြစ်မှာစိုးလို့ ငြိမ်နေကြတာများတယ်” လို့ သူက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ လုယက်မှုတွေကို ဘယ်အဖွဲ့က ကျူးလွန်နေတာလဲဆိုတာ ဒေသခံတွေကြား အမျိုးမျိုးပြောဆိုနေကြတယ်လို့ ဆိုပါတယ်။

လုံးခင်းနဲ့ မှော်စီစာဘက်က ဖြစ်စဉ်အများစုကို စစ်ကောင်စီတပ်နဲ့ သူတို့နဲ့နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ လုပ်ဆောင်နေတာလို့ ဒေသခံအချို့က စွပ်စွဲပြောဆိုနေကြပါတယ်။

တစ်ဖက်မှာလည်း KIA ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ဆိုင်းတောင်-မှော်ရှန် ရေကြည်ကုန်းဒေသမှာ မေလ ၂၅ ရက်ညက လောပန်းညီအစ်ကို သုံးဦးပိုင် နေအိမ်တစ်လုံး ဓားပြတိုက်ခံခဲ့ရပြီး ငွေကြေးနဲ့ ပစ္စည်းများသာမက စာရွက်စာတမ်းအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဖားကန့်ဒေသအတွင်း စစ်ကောင်စီထိန်းချုပ်နယ်မြေ၊ KIA ထိန်းချုပ်နယ်မြေ မခွဲခြားဘဲ ဓားပြတိုက်မှုတွေ ဖြစ်ပွားလာနေတဲ့အတွက် ပြည်သူတွေက လုံခြုံရေးအပေါ် ပိုမိုစိုးရိမ်နေကြပြီး ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။