ဓာတ်ပုံ – TL (fb)

‎ပပ၊ ဇွန်လ ၅ ရက်၊ လားရှိုး

‎ရှမ်းမြောက် လားရှိုးမြို့မှာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ တင်လာတဲ့ ကား ၂ စီးကို အခွန်မဆောင်လို့ စွတ်စွဲပြီး စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဇွန်လ ၃ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ လားရှိုးမြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်အနီးမှာ ရပ်ထားတဲ့ ၆ ဘီးယာဉ် ၂ စီးကို စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက စစ်ဆေးပြီး အခွန်မဆောင်တဲ့ ဆောင်လုပ်ရေးသုံးပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတင်တဲ့ ယာဉ်နဲ့ ကားသမားကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

‎ဖြစ်စဉ်သိရသူအမျိုးသားက “သူတို့သတ်မှတ်ထားတဲ့ တရားမဝင်ပစ္စည်းလည်း မဟုတ်ဘူး။ အကြောင်းပြချက်က အခွန်ဆောင်မထားပဲ ပစ္စည်းတင်လို့ ဖမ်းတာတဲ့” ဆိုပြီး ပြောပါတယ်။

‎ယာဉ်နဲ့ ပစ္စည်းတွေအပြင် ယာဉ်မောင်းဖြစ်သူ ဦးလောရှီနဲ့ ဦးအိဇတ်၂ ဦးကိုလည်း လားရှိုးမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဥပဒေအရ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၁) ထင်းရှူးမြိုင်လမ်းပေါ်မှာ တရုတ်ကုန် တင်လာတဲ့ ကား ၂ စီးကို တရားမဝင်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ဖူးပါတယ်။

‎ပြီးခဲ့တဲ့ မေလ ပထမပတ်ကလည်း စစ်ကောင်စီက ရက် ၁၀၀ စီမံကိန်းအနေနဲ့ လားရှိုးမှာ တရုတ်ကုန် တင်လာတဲ့ ယာဉ်တွေကို ဖမ်းဆီးပြီး ငွေတောင်းခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။