ဓာတ်ပုံ- Local

ရဲမာန်၊ မတ်လ ၂၆ ရက်၊ ကသာ

စစ်ကိုင်းတိုင်း ကသာမြို့ပေါ်မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က ထွက်ခွာခွင့် မပေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကသာမြို့ရဲ့ ဗဟိုအချက်အချာဖြစ်တဲ့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ တို့မှာ အရပ်သားတွေ အများဆုံး ပိတ်မိနေပြီး အရပ်သား‌ နေထိုင်တဲ့နေရာတွေထဲ စစ်တပ်ကို ထောက်ခံသူနဲ့ အစိုးရဝန်ထမ်း‌ဟောင်းတွေလည်း ပါတယ်လို့ ၎င်းက ပြောပါတယ်။

“ကသာမြို့ရဲ့ သဘောတရားက အနောက် တောင် မြောက်က ထွက်လို့မရဘူး။ အရှေ့ဘက်က ဧရာဝတီမြစ် ခံထားတယ်။ အဲမြစ်ကို စက်လှေနဲ့တဆင့် ကူးမှ ထွက်လို့ရတာ။ တောင်ဘက်ကနေ ထွက်မယ်ဆိုလည်း ၃၀၉ တပ်ရင်းရှိတယ်။ အဲလိုနေရာက တိုက်ပွဲဖြစ်နေတဲ့ ဧရိယာတွေ ဖြစ်နေတော့ ထွက်ရှောင်လို့မရဘူး။ တိုက်ပွဲမဖြစ်တဲ့ ဧရာဝတီတစ်ဖက်ကမ်းကို ကူးမယ်ဆိုလည်း မြစ်ရိုးတန်းတစ်‌လျှောက်ကို စစ်ကောင်စီတပ်က အားလုံးနေရာယူထားတယ်။ အရပ်သားတွေကတော့ အထဲမှာဘဲ ဖြစ်သလို နေ နေရပါတယ်။ တိုက်ပွဲ ဖြစ်ပွားနေတော့ ကျန်ရှိနေတဲ့ အရပ်သားဦးရေတော့ အတိအကျ မသိရဘူး”

စစ်တပ်က အရပ်သားတွေကို ထွက်ခွာခွင့် မပေးတဲ့အပြင် လေယာဉ်တွေနဲ့ပါ ဗုံး ပတ်ကြဲနေတယ်လို့ ၎င်းက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့က မနက်ပိုင်းမှာ Y-12 ၃ စီး၊ ညနေပိုင်းမှာကျတော့ Y-12 ၅ စီးနဲ့ ဗုံးပတ်ကြဲတာ‌တွေရှိတယ်။ ဒီနေ့လည်း ဗုံးပတ်ကြဲနေတုန်း”

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ည ၁၁ နာရီဝန်းကျင်မှာ စစ်တပ်က ကသာမြို့နယ် ကျောက်ဒိုးကြီးတိုက်နယ် ပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ရာ လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

မတ်လ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က ကသာမြို့နယ်ထဲက စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံယာတော်အပါအဝင် စစ်ရှောင် ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။