သုတ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ တင်းကြပ်လာတယ်လို့ လားရှိုးမြိုခံတွေနဲ့ ခရီးသွားတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်က လားရှိုးမြို့ထဲကို ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာသူတွေရဲ့ ဖုန်း စစ်တာ၊ ဆိုင်ကယ် (တူးဘောက်) ဖွင့်စစ်တာတွေ ပြုလုပ်နေပြီး ညပိုင်းမှာလည်း မသင်္ကာတဲ့ နေအိမ်တွေကို ဧည့်စာရင်း ဝင်စစ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ထဲ ဖြတ်သန်းသွားသူတစ်ဦးက “လားရှိုးအဝင် အေတီတံတားမှာ ကားဆိုရင် ပုံမှန်ဘဲ စစ်တာ။ ဆိုင်ကယ်ဆိုရင် အိတ်ပါရင် အိတ်ထဲလည်း စစ်တယ်။ ဆိုင်ကယ်တူးဘောက်၊ ဖုန်း အကုန်စစ်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ခံ အမျိုးသားတစ်ဦးကလည်း “ရှော့တိုက်ဒုံး ကျထားတော့ လိုက်မဲနေတာ။ ဧည့်စာရင်း လိုက်စစ်နေတာ” လို့ ဆိုပါတယ်။

လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ စစ်ရေးပြင်ဆင်မှုတွေပါ လုပ်ဆောင်လာတာ တွေ့ရတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ လားရှိုးမြို့ထဲမှာ ရှော့တိုက်ဒုံး ၂ လုံး နဲ့ ပစ်ခတ်ခံရပြီး ရပ်ကွက် (၁၁) နယ်မြေ (၉) ထဲမှာ ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက် သေဆုံးတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိအချိန်အထိ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်တဲ့ အဖွဲ့ကို မသိရသေးဘဲ စစ်ကောင်စီလော်ဘီတွေကတော့ ဒီပစ်ခတ်မှုကို ကိုးကန့်တပ်က လုပ်ဆောင်တာလို့ စွပ်စွဲပြောဆိုနေကြတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။