မြတ်နိုး၊ ဇူလိုင် ၁၈၊ ကံပိုင်တည်

ကချင်ပြည်နယ် ကံပိုင်တည်–ဝိုင်းမော် လမ်းမကြီးမှာ မြေပြိုလို့ လမ်းပိတ်နေတဲ့အတွက် ရက်အတော်ကြာ ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို ကချင်တပ်မတော်-KIA ဘက်က ဧည့်စာရင်းအကြောင်းပြပြီး ကားတစ်စီးကို တစ်ရက် ၁၂,၀၀၀ ကျပ်နှုန်းနဲ့ ကောက်ခံနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လမ်းပေါ်မှာ တောင်ပြို၊ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ကုန်တင်ကား အများအပြား ရှေ့မတိုး နောက်မဆုတ်နိုင်ဘဲ လမ်းဘေးမှာ ရက်ပေါင်းများစွာ ရပ်နားစောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

“တောင်ပြိုလို့ လမ်းပိတ်တော့ ကားသမားတွေ စရိတ်တွေလည်း ပြတ်နေတယ်။ အဲဒီလို အခြေအနေမှာ KIA က ဧည့်စာရင်းဆိုပြီး တစ်ရက်ကို ၁၂,၀၀၀ ကျပ် ကောက်နေတယ်” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

နောက်ထပ် ယာဉ်မောင်းတစ်ဦးကလည်း လမ်းပိတ်တာကြောင့် နေ့စဉ် စားသောက်စရိတ်တွေ ကုန်ကျနေရပြီး ဧည့်စာရင်းကြေး ထပ်ပေးရတာကြောင့် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကားကလည်း မသွားရသေးဘူး။ နေ့တိုင်း စားရသောက်ရတာနဲ့တင် ကုန်ကျစရိတ်များနေပြီ။ အဲဒီအပေါ် ဧည့်စာရင်းကြေးပါ ထပ်ကောက်တော့ ကားသမားတွေအတွက် ပိုခက်ခဲတာပေါ့” လို့ သူက ပြောပါတယ်။

မိုးဆက်တိုက် ရွာနေလို့ ကံပိုင်တည် နဲ့ ဝိုင်းမော်ကြား ကားလမ်းမကြီးပေါ် တောင်တွေ ထပ်ပြိုနေတာကြောင့် ခရီးသွားကားတွေနဲ့ ကုန်ကားတွေ အများအပြား ပိတ်မိနေတာဖြစ်ပြီး လက်ရှိမှာတော့ လမ်းတွေ ရှင်းလင်း ပြုပြင်နေဆဲဖြစ်ကာ သွားလို့မရသေးပဲ ပိတ်မိနေကြဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကံပိုင်တည်–ဝိုင်းမော်လမ်းဟာ မြစ်ကြီးနားနဲ့ တရုတ်–မြန်မာနယ်စပ် ကံပိုင်တည်ကုန်သွယ်ရေးဂိတ်ကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

မိုးရာသီရောက်တိုင်း မြေပြို၊ တောင်ပြိုမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒီနှစ်မှာလည်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် လမ်းပိုင်းတချို့ ပျက်စီးကာ ကုန်တင်ယာဉ် ရာနဲ့ချီ ပိတ်မိခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ လမ်းရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲဖြစ်ပေမယ့် လမ်းကို ဘယ်အချိန်မှာ အပြည့်အဝ ပြန်ဖွင့်နိုင်မလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။