ရွှေဖီမြေ၊ မေလ ၂၉ ရက်၊ ပန်ဆန်း

“ဝ”တပ်မတော်- UWSA ရဲ့ မြို့တော်ဖြစ်တဲ့ ပန်ဆန်းခေါ် ပန်ခမ်းမြို့မှာ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး ပြန်ပေးဆွဲတဲ့ တရားခံ ယန်ရှင်း (Yan Xin)ဆိုသူကို ထောင်ဒဏ် ၄ နှစ် ချမှတ်ကြောင်း “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ပန်ဆန်းမြို့တစ်နေရာမှာ ယန်ရှင်းက အခြားသူတွေကို လှုံ့ဆော်ပြီး တရုတ်နိုင်ငံသား ၁၀ ဦးကို ချုပ်နှောက်ကာ အဲဒီထဲက ၅ ဦးကို ပန်ဆန်းမြို့ရှိ ဟိုတယ်တစ်ခုမှာ ဆက်လက် ချုပ်နှောင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယန်ရှင်းက ဖမ်းဆီးခံရသူတွေရဲ့ မိသားဝင်တွေဆီကနေ တရုတ်ယွမ်ငွေ ၁ သိန်းနဲ့ လာရောက် ရွေးထုတ်ဖို့ တောင်းခံခဲ့ပေမဲ့ နောက်ဆုံးမှာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ယန်ရှင်းဟာ အလုပ်လုပ်နေတဲ့ ကာလတစ်လျှောက်လုံး မူးယစ်ဆေးဝါးတွေကို ကြာရှည်စွာ သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် “ဝ”ပြည် အခြေခံဥပဒေ ပြဌာန်းချက်အရ ယန်ရှင်းဟာ “ရာဇသတ်ကြီး” အခန်း ၄ ပုဒ်မ ၁၉၇ မှာ ဖော်ပြထားတဲ့ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုကို ကျူးလွန်ထားသလို မူးယစ်ဆေးဝါး တားမြစ်ရေးအမိန့် ပုဒ်မ ၈ အပိုဒ်ခွဲ (၃)ကို ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် သူ့ကို တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်၊ မူးယစ်ဆေးဝါး သုံးစွဲမှုအတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပန်ဆန်း ဟိုတယ်တစ်ခုမှာ အဆင့်မြင့် မန်နေဂျာ (စီမံခန့်ခွဲရေးဝန်ထမ်း)ဖြစ်တဲ့ စွန်းဖုန်းလင် (Sun Fenglin)ကို သူရဲ့ဟိုတယ်မှာ နိုင်ငံခြားသား ကျားဖျန့်တွေကို ရည်ရွယ်ချက်ရှိရှိ နေရာထိုင်ခင်း ပံ့ပိုးပေးပြီး စစ်ဆေးဖမ်းဆီးမှုကနေ ရှောင်တိမ်းနိုင်ဖို့ ကူညီပေးခဲ့တာကြောင့် ရာဇသတ်ကြီး အခန်း ၆ ပုဒ်မ ၂၆၆ ကို ချိုးဖောက်ကြောင်း ထင်ရှားတာကြောင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။