ဓာတ်ပုံ – CJ

ရွှေဖီမြေ၊ ဇူလိုင် ၂၆ ရက်

အမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်ရဲတွေက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကစပြီး ကျင်ဟုန်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ဆက်တိုက်ဖမ်းဆီးခဲ့ပြီး မိုင်းလားတပ်ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ကျင်ဟုန်မြို့မှာ မြန်မာနိုင်ငံသားအချင်းချင်း ရန်ဖြစ်ပွားတာ၊ အလုပ်အကိုင်အဆင်မပြေတာနဲ့ လူမှုရေးကိစ္စတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေအပြင် လူသတ်မှုတွေ ဖြစ်ပွားနေတာကြောင့် တရုတ်ရဲတွေက ဖမ်းဆီးစစ်ဆေးတာတွေ ပိုလုပ်လာတယ်လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အသုတ်လိုက် မြန်မာဘက်ပြန်ပို့တာ ၆ ကြိမ်ရှိပြီ။ လူပေါင်း ၁,၀၀၀ ကျော်ပေါ့။ ကျင်ဟုန်မှာ အလုပ်လာလုပ်တဲ့သူတွေ လူမျိုးစုံတယ်။ အချင်းချင်းကြား ရန်ဖြစ်တာ၊ အရက်သေစာသောက်ပြီး မူးယစ်ရမ်းကားတာတွေကြောင့် တရုတ်တွေက ပိုဖမ်းလာတယ်” လို့ ဆိုပါတယ်။

တရုတ်ရဲ့ ဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံသားတချို့ဟာ မြန်မာဘက်ကို ပွဲစားကနေတစ်ဆင့် ထွက်ပြေးနေကြပြီး ထွက်ပြေးနေစဉ် တရုတ်ရဲရဲ့ ဖမ်းဆီးတာကို ခံရသူတွေလည်း ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လက်ရှိ ကျင်ဟုန်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇,၀၀၀ ကျော်ရှိပြီး တရုတ်ရဲတွေက ဖမ်းဆီးမှုတွေ ဆက်လုပ်နေတယ်လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

တစ်ဖက်မှာလည်း တရုတ်ဘက်က မိုင်းလားတပ်ထံ လွှဲပြောင်းပေးခံရသူတွေကို စစ်ကောင်စီထံ စစ်မှုထမ်းဖို့ လွှဲပြောင်းပေးနေတယ်လို့ ကျင်ဟုန်မြို့မှာ အလုပ်လုပ်ကိုင်နေသူတွေက ပြောကြပြီး လူငယ်တွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။

အကူအညီဆောင်ရွက်ပေးနေသူတွေကတော့ ကျင်ဟုန်မှာ မြန်မာအလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းတာတွေကြောင့် လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေမှာ အန္တရာယ်ကြား သွားရောက်အလုပ်လုပ်ကိုင်နေကြရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။