မိုင်းလားကနေတစ်ဆင့် တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် တရုတ်ဘက်က ဖမ်းဆီးပြီး NDAA ထံ လွှဲပြောင်း၊ NDAAက စစ်ကောင်စီထံ ပြန်ပို့နေတယ်လို့ အလုပ်သမားတွေပြော

အမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်ရဲတွေက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုင်းလားတပ်က မန္တလေးတိုင်း ပကဖ တာဝန်ခံကို ဖမ်းပြီး စစ်ကောင်စီတပ်ထံ အပ်နှံခဲ့တယ်လို့ သတင်းထွက်

မိုင်းလားတပ်- NDAA က အမျိုးသား ညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကို ဖမ်းဆီးပြီး စစ်ကောင်စီတပ်ထံ လွှဲအပ်လိုက်တယ်လို့ ဖြစ်စဉ်သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်နိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီကို ဖမ်းဆီးခံရပြီး မိုင်းလားတပ်ထံ တရုတ်လွှဲပေး၊ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေ စစ်ကောင်စီတပ်ထံ ပို့ဆောင်ခံရ

တရုတ်နိုင်ငံမှာ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ဖမ်းဆီးပြီး တရုတ်-မြန်မာနယ်စပ် အခြေစိုက် မိုင်းလားတပ် (NDAA) ထံ လွှဲပြောင်းပေးနေတယ်လို့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းလားမှာ NDAA က ကျား​ဖြန်လုပ်ငန်းမှာ ဖမ်းမိတဲ့ ဆက်စပ်ပစ္စည်းတွေ မီးရှို့ဖျက်ဆီး

ရှမ်းအရှေ့ မိုင်းလားမြို့မှာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်ခေါ် မိုင်းလား တပ်မတော်- NDAA က ကျားဖြန်ရုံမှာ ဖမ်းမိတဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NDAA က ဒီနေ့ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

Junta Hands Over 71 Scam Operators to China in Mongla

The Myanmar junta handed over 71 Chinese scam operators to China and the handover took place at a border checkpoint in Mongla, a town on the border with China in eastern Shan State, according to the statement of the National Democratic Alliance Army (NDAA) on Thursday.

NDAA ထိန်းချုပ်တဲ့ မိုင်းလား-တာလော့ နယ်စပ်ဂိတ်ကနေ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၁ ဦး တရုတ်ထံလွှဲပြောင်း

မိုင်းလားတပ် NDAA ထိန်းချုပ်တဲ့ ရှမ်းရှေ့ မိုင်းလားမြို့ရှိ တာလော့နယ်စပ်ဂိတ်ကနေ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၁ ဦးကို စစ်ကောင်စီတပ်က တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ NDAA က ဒီနေ့ ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ အထူးဒေသ(၄)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော် ဖျက်သိမ်း

ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ အထူးဒေသ(၄)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းကြောင်း မိုင်းလား တပ်မတော်- NDAA က မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။