ရွှေဖီမြေ၊ ဇွန်လ ၁၇ ရက်

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျူ့ ISP (Myanmar) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်မယ့် ပညာရပ်ဆိုင်ရာကို သွားရောက်တဲ့အချိန် တရုတ်အာဏာပိုင်တွေက မှားယွင်းတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြန်လွှတ်ပေးဖို့ကို ISP – Myanmar က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ISP – Myanmar ဟာ လွပ်လပ်ပြီး ပါတီစွဲကင်းတဲ့၊ အစိုးရမဟုတ်တဲ့ သုသေတနအဖွဲ့အစည်း (Think Tank) တစ်ခုသာဖြစ်တဲ့အလျောက် မြော်မြင်ချက်ကလည်း မြန်မာနိုင်ငံအတွင်း ရုန်းထကြံ့ခိုင်မှု အားကောင်းပြီး သည်းခံစိတ်ကြီးမားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရေးဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အထောက်အထားမဲ့၊ အခြေအမြစ်မရှိတဲ့ တရုတ်ရဲ့ စွပ်စွဲချက်မှန်သမျှကို ISP – Myanmar အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ငြင်းပယ်ရှုံးချကြောင်း ဆိုထားပါတယ်။

အဖွဲ့အစည်းအနေနဲ့ လွတ်လပ်တဲ့ သုသေတနအဖွဲ့အဖြစ် ဆက်လက်ရပ်တည်ပြီး အများပြည်သူ အကျိုးစီးပွားအတွက် အထောက်အကူပြုနိုင်တဲ့ သုသေတန အခြေပြု သုံးသပ်ချက်တွေနဲ့ ဆန်းစစ်ချက်တွေကို ဆက်လက်ထုတ်ဝေတင်ပြသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဦးမင်းဇင်ကို သူလျှိုလုပ်မှုနဲ့ ဖမ်းဆီးလိုက်တာလို့ တရားဝင် ပြောဆိုခဲ့ပြီးနောက် ISP – Myanmar က အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဦးမင်းဇင်ကတော့ ISP – Myanmar ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်ပြီး မြန်မာ့နိုင်ငံရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ တိုင်းရင်းသားပဋိပက္ခတွေနဲ့ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုတွေကို သုသေတနပြုခဲ့သူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။