အလင်း၊ မတ်လ ၂၄ ရက်၊ တီးတိန်

ချင်းပြည်နယ် တီးတိန်မြို့နယ် ဂဲလ်ဇန်းရွာအနီးမှာ အခြေစိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDA ရဲ့စခန်းကို ဇိုမီး တော်လှန်ရေး တပ်မတော်- ZRA က တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ZRA က မနေ့ မတ်လ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့နယ် ဂဲလ်ဇန်းရွာအနီး PDA စခန်းကို ZRA က မတ်လ ၂၂ ရက်မှာ အင်အား အလုံးအရင်းနဲ့ အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အင်အားမမျှတဲ့ PDA တပ်ဖွဲ့ဝင်တွေဟာ စခန်းကို စွန့်ခွာပြီး ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

“တနင်္ဂနွေနေ့မနက်မှာ ZRA က အင်အားအလုံးရင်းနဲ့ ဝင်တိုက်တာပါ။ တိုက်ပွဲတွေ ဖြစ်သေးတယ်။ အဲစခန်းမှာ PDA ဘက်က အင်အားနည်းလို့ ခဏလေးနဲ့ စခန်းသိမ်းနိုင်သွားတယ်” လို့ တီးတိန်မြို့နယ်မှ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စခန်းစီးနင်းမှုအတွင်း ZRA က လက်နက်မျိုးစုံ၊ ခဲယမ်းမီးကျောက်၊ ဆက်သွယ်ရေး စကားပြောစက်အပြင် စစ်ရေးမှာ အရေးပါတဲ့ ကင်းထောက်နဲ့ တိုက်ခိုက်ရေးသုံး ဒရုန်းကိုပါ သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စခန်းအနီးရှိ ဂဲလ်ဇန်းရွာက အပြစ်မဲ့ဒေသခံ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးကိုလည်း ZRA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

“ရွာက အမျိုးသားတစ်ယောက်၊ အမျိုးသမီးနှစ်ယောက်လည်း ဖမ်းခေါ်သွားပါတယ်။ ပြန်မလွတ်ပေးသေးဘူး။ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်” လို့ အထက်ပါ တီးတိန်မြို့နယ်မှ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး PDA ဘက်က ဒီနေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပေမဲ့ CDF-Tonzang အဖွဲ့က မတ် ၂၂ ရက်မှာ ပြင်းထန်တဲ့ သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ ZRA အနေနဲ့ သိမ်းဆည်းသွားတဲ့ လက်နက်ပစ္စည်းတွေကို ခြွင်းချက်မရှိ ပြန်လည်ပေးအပ်ဖို့နဲ့ နယ်မြေကျူးကျော်ကာ မျိုးနွယ်စုချင်း အနိုင်ကျင့် စော်ကားနေတဲ့လုပ်ရပ်ကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ZRA-EC အနေနဲ့ စစ်တပ်နဲ့ဆက်လက် ပူးပေါင်းကာ တော်လှန်ရေးအဖွဲ့တွေကို နှောင့်ယှက်နေရင် ချင်းလဲန်းကောင်စီဝင် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်သွားမယ်လို့လည်း ပြတ်သားစွာ သတိပေးထားပါတယ်။

PDA ဟာ တီးတိန်မြို့နယ်အခြေစိုက် ဒေသခံချင်းတော်လှန်ရေးအဖွဲ့ဖြစ်သလို ချင်းလဲန်ကောင်စီ- CC အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ZRA ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တီးတိန်မြို့နယ်အခြေစိုက် ချင်းညီနောင်- CB အဖွဲ့ဝင် PDF-Zoland အဖွဲ့ကလည်း ZRA ဟာ စစ်ကောင်စီနဲ့ ပေါ်ပေါ်တင်တင် ပူးပေါင်းသွားပြီလို့ မတ်လ ၁၅ ရက်က ထုတ်ပြန်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။