ဝတ်ရည်၊ မေလ ၄ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိနေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မေလ ၄ ရက် မနက်ပိုင်းက လုံးခင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြား ပိတ်မိနေတဲ့ ဒေသခံတချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက “တိုက်ပွဲက မနက်အစောပိုင်းတုန်းက စဖြစ်ကြတာ။ လက်နက်ကြီးထိတဲ့သူတွေလည်း ရှိနေတယ်။ ပြီးတော့ တိုက်ပွဲကြားမှာ ပိတ်မိနေသေးတဲ့ သူတွေလည်း ရှိနေတာ။ လေကြောင်းကနေလည်း တိုက်ခိုက်လာမှာ ကြောက်နေရတာ” လို့ ရွှေဖီမြေကို ပြောပါတယ်။

ဒီမနက် ၈ နာရီခွဲမှာလည်း ဖားကန့်ဗျူဟာကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လုံးခင်းကျေးရွာနဲ့ လယ်ပြင်ကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို KIA၊ KPDF က တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေပြီး ဒေသခံတွေရဲ့ နေအိမ်ပေါ် ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်က ဒေသခံလူထုတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို အထူးဂရုပြု နေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။

စစ်တပ်ဘက်က အင်အားဖြည့်တင်းထားတဲ့ ဖားကန့် ကားလမ်းပိုင်းကိုလည်း KIAက ပြီးခဲ့တဲ့ ဧပြီ ၂၂ရက်ကစပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားပြီး လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားတာဖြစ်လို့ ခရီးသွားဒေသခံတွေလည်း လိုက်နာကြဖို့ သတိပေးထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။