ရွှေဖီမြေ၊ ဧပြီ ၁၅ ရက်၊ ဖလမ်း
ချင်းပြည်နယ် ဖလမ်းမြို့နယ် ခွန်လီရွာတဝိုက်ရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ ကုန်းစခန်းတစ်ခုကို ချင်း ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ဘက်က ၄ ဦး ကျဆုံးခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNDF က ဒီနေ့ ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ် ၂၄ လက်ကျော်၊ ကျည်တောင့်၊ စတားလင့်ခ်၊ မြေမြှုပ်မိုင်းနဲ့ ပစ္စည်းမျိုးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။