ဓာတ်ပုံ – အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်

ရွှေဖီမြေ၊ ဇူလိုင် ၂ ရက်၊ ပေါက်

‌‌မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုအတွင်း ဒေသခံ ၆ ဦးကို သတ်ဖြတ်သွားပြီး ‌ကျေးရွာ ၁၆ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာဌာန ထုတ်ပြန်ချက်နဲ့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က မြိုင်မြို့နယ် ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အင်အား ၅၀၀ နီးပါးဟာ ပေါက်မြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းက ကျေးရွာ ၁၆ ရွာက ဒေသခံတွေ နီးစပ်ရာရွာနဲ့ တောတောင်တွေမှာ ယာယီ စစ်ရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၁၆ ရွာမှာ အိမ်ထောင်စု ၂,၀၆၄ စု၊ အမျိုးသား ၄,၇၈၃ ဦးနဲ့ အမျိုးသမီး ၅,၃၈၈ ဦး စုစုပေါင်း လူဦးရေ ၁၀,၁၇၁ ဦးအတွက် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ပေါက်မြို့နယ်က လူမှုရေးရာအလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်ထဲ စစ်ကြောင်း ထိုးနေချိန် သာစည်ရွာက အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာက ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာက စိတ်ကျန်းမာရေး ချို့ယွင်းသူ ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထီလာရွာက ၃၂ နှစ်အရွယ် ကိုနေဇော်နဲ့ ၃၃ နှစ်အရွယ် ကိုမင်းမင်းဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်တပ်ရဲ့ စစ်ကြောင်း ထိုးနေချိန်မှာ မြစ်ခြေမြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မြစ်ခြေမြို့က ဒေသခံတွေကိုလည်း သတ်ဖြတ်သွားပါတယ်။

#ဓာတ်ပုံ– အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။