ဝတ်ရည်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ဖားကန့်

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာလမ်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့မနက်တော့ မရှီကထောင်ဘက်မှာ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ လေကြောင်းကနေ ဗုံးကြဲပြီးတော့ တပ်မကုန်းကနေ လက်နက်ကြီးအချက် ၂၀ လုံး လောက် ပစ်သွားတယ်။ ပြီးမှ လက်နက်ငယ်အသံတွေ ကြားရတယ်။ လေကြောင်းကနေပဲ စိုးရိမ်နေရတာပါ။ စစ်မြေပြင်မှာ စစ်ကြောင်းထိုးရဖို့အတွက် လေကြောင်းကနေ တိုက်ခိုက်နေတာပါ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်နဲ့ ကလပ်ကုန်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်ရက်ဆက် ရှိနေတယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။