ဓာတ်ပုံ – Local

ဆုမွန်၊ ဇွန်လ ၁၇ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်- မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး အမှိုက်ကောက်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့ ဇွန်လ ၁၆ ရက် နေ့လယ် ၃ နာရီဝန်းကျင်က မူဆယ်မြို့ ‌စွမ်စော်ရပ်ကွက်မှာ အမျိုးသားတစ်ဦးက အမှိုက်ကောက်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

“ရပ်ကွက်ထဲမှာ တရုတ်ဘိုးတော်က ပလုံကောက်ရင်းနဲ့ပေါက်ကွဲမှုဖြစ်ပြီး သေသွားတာ။ သူက ပုလုံအမြဲတမ်းကောက်တဲ့အဖိုးပါ။ အဲဒီလက်ပစ်ဗုံးက အမှိုက်ပုံနေရာမှာ တစ်ယောက်ယောက်က လာပစ်သွားတာမျိုးလား ကျကျန်ခဲ့တာလား မပြောတတ်ဘူး။ မူဆယ်မှာ ပြည်သူ့စစ်တွေများတော့ သူတို့ကျကျန်ခဲ့တာလည်း ဖြစ်နိုင်တယ်”

အဆိုပါ သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၇၀ ဝန်းကျင်သာဖြစ်ပြီး စိတ်ကျန်းမာ‌ရေးချို့ယွင်းသူတစ်ဦးလည်း ဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မူဆယ်မြို့နယ်ဟာ စစ်တပ်အပြင် ၎င်းရဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ သွားလာလှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်တာတွေ မကြာခဏ ဖြစ်ပွားနေသလို ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။