ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဇူလိုင် ၁၆ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့၊ ရပ်ကွက် (၇) မှာ မြို့ခံတွေရဲ့ ကားကို ခိုးယူနေတဲ့ အမျိုးသားတစ်ဦးကို မြို့ခံတွေ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဲဒီသူခိုးကို ရပ်ကွက် (၇) မှာ ဖမ်းမိတာ။ ဖမ်းတဲ့အချိန် ပြောင်စပ်စပ် ပြန်လုပ်သေးတယ်။ လားရှိုးမှာ သူခိုးက အုပ်စုလိုက် အများကြီးပဲ။ စကစ ဖမ်းလည်း ပြန်လွှတ်တာပဲ” လို့ ဆိုပါတယ်။

မြို့ခံတွေ ဖမ်းဆီးရမိတဲ့ အမျိုးသားကို စစ်ကောင်စီရဲ့ လက်အောက်ခံရဲထံ အပ်နှံထားပြီး သူခိုးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ပြီးနောက် ကားခိုးယူခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိရောက်စွာ အရေးယူနိုင်တာ မရှိဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် ဓားပြတိုက်မှု၊ လုယက်မှု၊ လူသတ်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်က အရေးယူနိုင်ခြင်း မရှိတဲ့အပေါ် မြို့ခံတွေက ဝေဖန်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် ညနေပိုင်းမှာလည်း ရပ်ကွက် (၅) ရှိ နေအိမ်တစ်အိမ်မှာ အမျိုးသား ၃ ဦးက ဆိုင်ကယ်ကို လုယက်ဖို့ ကြိုးစားစဉ် အိမ်ရှင်ဖြစ်သူက ဓားနဲ့ လိုက်လံခုတ်သတ်ခဲ့ရာ တစ်ဦး သေဆုံးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။