ဆုမွန်၊ မေလ ၃၀ ရက်

နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြား ၁၂ မိုင်ဂိတ်မှာ ဂိတ်ထိုင်ထာရတဲ့ ကိုးကန့်တပ်မတော် – MNDAA က မီးသွေးတင်ကားတွေကို ဂိတ်ကြေးငွေဆိုပြီး ကား ၁စီးကို ငွေကျပ် ၁၀ သိန်းကျော်အထိ ကောက်ခံနေကြောင်း ကားသမားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်း – နမ့်ဖက်ကာကြားမှာရှိတဲ့ ၁၂ မိုင်ကျေးရွာမှာ အထိုင်ချတဲ့ MNDAA တပ်ဟာ မီးသွေးတင်တဲ့ကား‌တွေကို ဂိတ်ကြေးဆိုပြီး တစ်စီးကို ယွမ် ၂ ထောင်ကျော် (ငွေကျပ် ၁၀သိန်းကျော်) ကောက်ခံနေပြီး ကျောက်ခဲနဲ့ တခြားကုန်တင်ကားတွေကိုတော့ ငွေ ၃ သိန်းကျပ်နဲ့ ကောက်ယူနေတယ်လို့ ပြောပါတယ်။

“မီးသွေးတင်ခတောင်းတာကတော့ အရမ်းများလွန်းပါတယ်။ တစ်တန်ကို ယွမ် ၁၅၀ နဲ့ တောင်းတာ ကားတစ်စီးဆိုရင် ၁၀ တန်ကနေ ၁၄ တန်ပဲ တင်နိုင်တယ်လေ။ ကျနော်တို့ကား ၂ စီးကို ယွမ် ၄ ထောင်(ငွေကျပ်ပေါင်း သိန်း၂၀) ကျော် တောင်းတယ်။ တစ်စီးကို ၂ ထောင်(ငွေကျပ် ၁၀ သိန်း) ပေးရတယ်။ ၁၃ မိုင် အနားမှာလည်း သူတို့က ကတ္တားနဲ့ ပြန်ချိန်တယ်။ မီးသွေးလုပ်တဲ့သူတွေက ငိုရုံပဲရှိတော့တယ်။ သူတို့ ချွေးစာနဲ့တောင် ရမှာမဟုတ်တော့ဘူး။ အခု မီးသွေးအစိုတွေဆိုရင် တစ်တန်ကို ယွမ် ၄၀၀ ပဲရတယ်လေ။ မီးသွေးလုပ်ကိုင်နေတဲ့သူတွေပဲ သူတို့အတွက် ဘာမှ မကျန်တော့ဘူး‌”

ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်မတိုင်ခင်မှာတော့ မီးသွေးဈေးနှုန်းဟာ တစ်တန်ကို ယွမ် ၁၂၀၀ (ငွေကျပ်ပေါင်း ၆ သိန်းကျော်)အထိ ဈေးကောင်းရခဲ့ပြီး လက်ရှိမှာတော့ မီး‌သွေး‌‌ဈေး ပြန်လည်ကျဆင်းလာပြီး တစ်တန်ကို ယွမ် ၁၀၅၀ (ငွေကျပ်ပေါင်း ၆ သိန်းဝန်းကျင်)နဲ့ မီးသွေးအစိုဆိုရင် ယွမ် ၅၀၀( ငွေကျပ်ပေါင်း ၃ သိန်း) ဈေးရနေတာကြောင့် ဒေသခံတွေက MNDAAကို အခွန်ကောက်တာ လျှော့ပေးစေချင်တယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

“အခု မီးသွေးခြောက်တွေလည်း ရောင်းရခက်တယ်။ တစ်နေရာထဲမှာ အများကြီး စုပြုံထားပြီး ကြေကုန်ပြီလေ။ ကြေတဲ့ဟာ‌တွေ အိတ် ၁၀၀ လောက်ပါပြီဆိုရင် တစ်စီးလုံး ဈေးနှုန်းတွေ အကုန်ဖြတ်ခံရတယ်” လို့ ဆိုပါတယ်။

အရင်က TNLA ထိန်းချုပ်စဉ်မှာ ကုန်တင်ကားတစ်စီးကို ငွေ ၂ သိန်းဝန်းကျင်အထိ တောင်းခဲ့‌တာဖြစ်ပြီး လက်ရှိမှာတော့ ကိုးကန့်တပ်တွေဟာ ကုန်တင်ကားတစ်စီးကို ငွေ ၁၀ သိန်းကျော်အထိ တောင်းခံနေတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။