တစ်သက်လုံး စုဆောင်းပြီး ဆောက်ခဲ့တဲ့အိမ်ကို ပြန်ကြည့်ချိန်မှာတော့ အိမ်တစ်အိမ် မဟုတ်တော့ဘဲ အပျက်အစီးပုံတွေသာ ကျန်ပါတော့တယ်။
အိမ်ထဲက ပစ္စည်းတွေကိုတောင် ပြန်မယူလိုက်ရဘဲ ထွက်ပြေးခဲ့ရတဲ့ ကောင်းတပ်ဒေသခံ အများစုဟာ အခုတော့ ကျေးရွာရဲ့ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံရာအဖြစ် မှီခိုနေရပါတယ်။
ဒီမြင်ကွင်းကတော့ ပြီးခဲ့တဲ့ မေလ ၃၁ ရက်က ကောင်းတပ်ရွာမှာ ဖြစ်ပွားခဲ့တဲ့ ယမ်း ပေါက်ကွဲမှုကြောင့် နေအိမ် ဆုံးရှုံးသွားတဲ့ ဒေသခံတွေ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့မြင်ကွင်း ဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းအတွင်းမှာတော့ စောင်တွေ ခင်းထားတဲ့နေရာတွေ၊ အဝတ်အိတ်တွေ၊ ကလေးငယ်တွေကို ချော့မြူနေတဲ့ မိခင်တွေနဲ့ ပြည့်နှက်နေပါတယ်။ သတင်းအပြည့်အစုံကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။