မူဆယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို TNLA တပ်သားလို့စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးရိုက်နှက်
တရုတ်-မြန်မာ နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦးကို တအာင်းတပ် – TNLA တပ်သားလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်ခဲ့တယ်လို့ ဖြစ်စဉ်တွေ့ခဲ့သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။