လောက်ကိုင်ရှိ ကျားဖြန်အိမ်ရာတွေကို ကျဆုံးသွားတဲ့ မိသားစုဝင်နဲ့ ဒဏ်ရာရ ရဲဘော်တွေကို MNDAA ခွဲဝေပေး
ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ကျားဖြန်ငွေလိမ်ဂိုဏ်းဆီကနေ သိမ်းဆည်းရမိတဲ့ အဆောက်အအုံတွေကို ပြန်လည်ပြင်ဆင်ပြီး ကျဆုံးသွားတဲ့ ရဲဘော်မိသားစုဝင်နဲ့ ဒဏ်ရာရ ရဲဘော်တွေကို ခွဲဝေပေးခဲ့ကြောင်း ကိုးကန့်တပ်- MNDAA က ထုတ်ပြန်ပါတယ်။