ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ မီးလောင်မှုဖြစ်ပွား

မနေ့ မေလ ၂၆ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက်-၂ မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မှာ သားအမိနှစ်ဦး ဓားပြတိုက်ခံရပြီး သိန်း ၅၀ နီးပါးနဲ့ ဖုန်းလေးလုံး ပါသွား

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က စျေးသည်သားအမိ ၂ ဦး ဓားပြတိုက်ခံရပြီး ငွေ သိန်း ၅၀ နီးပါးနဲ့ ဖုန်းလေးလုံး ပါသွားတယ်လို့ သိရပါတယ်။

ကွတ်ခိုင်ရှိ ဇိဝကမောင်ဆေးရုံက သူနာပြုအကူနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်း အခမဲ့ သင်ကြားပေးမယ်

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄) ပန်းခြံထဲမှာ ပုဂ္ဂလိကဆေးရုံ ဖွင့်လှစ်ထားတဲ့ ဇီဝကမောင်ဆေးရုံက သူနာပြုအကူနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းကို အခမဲ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ကွတ်ခိုင်မှာ ဘာသာပေါင်းစုံ တွေ့ဆုံဆုတောင်းပွဲ ပြုလုပ်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ တအာင်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဘာသာပေါင်းစုံ တွေ့ဆုံဆုတောင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကွတ်ခိုင်မှာ လုပ်ငန်းလိုင်စင်အချို့ပြုလုပ်ရာ အချိန်ကြန့်ကြာမှုရှိနေလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့ ဆို

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ လုပ်ငန်းလိုင်စင်အချို့ ပြုလုပ်ရာ အချိန်ကြန့်ကြာမှုတွေရှိနေလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

မီးသွေး သွားထုတ်တဲ့ ကွတ်ခိုင်က အမျိုးသား ၃ ဦး မိုးကြိုး ပစ်ခံရပြီး သေဆုံး

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် ဟိုနောင်အုပ်စု ကုန်းချမ်းရွာမှာ မီးသွေး သွားထုတ်တဲ့ အမျိုးသား ၃ ဦး မိုးကြိုး ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကွတ်ခိုင်မှာ ငွေကြေးကြောင့် စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုဖြစ်လို့ ၃ ဦး ဒဏ်ရာရ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ ရရှိရန် ကျန်နေတဲ့ ငွေကိုတောင်းရာကနေ စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုဖြစ်လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကို သိရသူ အမျိုးသားရဲ့ပြောပြချက်အရ သိရပါတယ်။

ကွတ်ခိုင်မှာ MNDAA က လောင်းကစားရုံ ဆောက်ပြီး ၃ လခန့် ကြာတဲ့အထိ ဆက်ဖွင့်နေ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက်(၄) ပန်းခြံဈေးအပြင်မှာ ကိုးကန့်တပ်- MNDAA က လောင်းကစားရုံဆောက်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကွတ်ခိုင်မှာ နေအိမ် ၁ လုံး မီးလောင်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက်(၅) ရှမ်းဘုန်းကြီးကျောင်းရှိ နေအိမ်တစ်အိမ် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကွတ်ခိုင်မြို့ထဲက အလှူခံမဏ္ဍပ်မှာ MNDAA နဲ့ TNLA တပ်ဖွဲ့ဝင် ထိုးကြိတ်မှုဖြစ်၊ နှစ်ဖက်ခေါင်းဆောင်တွေ ဖြေရှင်းနေ

ရှမ်းမြောက် ကွတ်ခိုင်မြို့က အလှူခံမဏ္ဍပ်မှာ ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တပ်ဖွဲ့ဝင်တို့အကြား ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ နှစ်ဖက်ခေါင်းဆောင်တွေက ဖြေရှင်းနေကြပြီဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။