ကလေးမှာ အငှားယာဉ်မောင်း ချင်းလူငယ်တစ်ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံး၊ နှလုံးရပ် သေဆုံးတာလို့ စစ်ကောင်စီပြော

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အငှားယာဥ်မောင်းလိုက်နေတဲ့ ချင်းလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကလေးမြို့မှာ လက်နက်ကိုင်ဆောင်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဓားခုတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ လက်နက်ကိုင်ဆောင်ပြီး လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး(ဟောင်း) ဓားနဲ့ ခုတ်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့မှာ ဆိုင်ကယ်လုယက်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်သား ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆိုင်ကယ်လုယက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ထောက်ပို့တပ်ရင်းက တပ်သား ၃ ဦးကို ရပ်ကွက်လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၂ရက်အတွင်း အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကျန်ပစ္စည်း ပေါက်ကွဲလို့ ကလေးမြို့က ၅ နှစ်အောက် ကလေးနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကျန်ပစ္စည်း ပေါက်ကွဲလို့ အသက် ၅ နှစ်အောက် ညီအစ်ကို ကလေးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂ လအတွင်း ကလေးနဲ့ဂန့်ဂေါကြားရှိ စစ်တပ်စခန်း ၄ ခု သိမ်းပိုက်၊ လေကြောင်းနဲ့ အကြိမ်ရေ ၁ ထောင်ကျော် တိုက်ခိုက်ခံရပြီး အရပ်သား ၁၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို ၂ လအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF-KKG က ထုတ်ပြန်လာပါတယ်။

ကလေးမြို့နယ် ကြံသာရွာရှိ စစ်စခန်းကို ကျောင်းသားတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာရှိ စစ်စခန်းကို ကျောင်းသားတပ်မတော်- ABSDF နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ABSDF က ဒီနေ့ ဧပြီ ၁၂ ရက် မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

ကလေးမှာ ဖြစ်ပွါးခဲ့တဲ့ ပစ်ခတ်မှုအတွင်း ပျူစောထီးအပါအဝင် အရပ်သား ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောင်ပင်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီးအပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးအကျဥ်းထောင် အာဏာပိုင်က အကျဥ်းသား မိသားစုဝင်အပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေ

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဥ်းထောင် အာဏာပိုင်တွေက အကျဥ်းသားရဲ့ မိသားစုဝင်အပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှု ရှိနေတယ်လို့ အကျဥ်းသားမိသားစုဝင်ဆီက သိရပါတယ်။