ဖလမ်းမြို့တစ်ခုလုံးကို ချင်းညီနောင် ပူးပေါင်းအဖွဲ့ သိမ်းပိုက်ထားပြီဟု ဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့တစ်ခုလုံးကို ချင်းညီနောင် ပူးပေါင်းအဖွဲ့က ဒီနေ့ ဧပြီလ ၇ရက်နေ့ မနက်မှာ သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံးခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းအပါအဝင် နေအိမ် ၆ လုံး ပျက်စီး

တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၆ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖလမ်းမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းမှာ တစ်ကျော့ပြန် တိုက်ပွဲ ပြင်းထန်

ချင်းပြည်နယ် ဖလမ်းမြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းမှာ တစ်ကျော့ပြန် တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်- CNDF ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

စစ်သုံ့ပန်း ထားရှိရာသို့ လေကြောင်းနဲ့ တိုက်ခိုက်ရာ CNDF ရဲဘော်တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၇ ဦး သေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက စစ်သုံ့ပန်း ထားရှိတဲ့ ခွန်းလုံရွာကို စစ်တပ်က MIG-29 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNDF ရဲ့ ရဲတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၇ ဦး သေဆုံးခဲ့တယ်လို့ CNO/CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီက ရွှေဖီမြေကို ပြောပါတယ်။