ဗန်းမော်က စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ၇ စီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ် ဗန်းမော်ရှိ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတပ်ကို မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် ရှင်းလင်းသိမ်းပိုက်လိုက်ပြီး သံချပ်ကာကား ၇ စီး သိမ်းပိုက်ရရှိခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဗန်းမော်မြို့မှာ နေ့စဉ် တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော်- KIA ပူးပါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား ဒီရက်ပိုင်းမှာ နေ့တိုင်းနီးပါး တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံအပြင် KIA ရှေ့တန်းနဲ့ နီးစပ်သူ‌တွေဆီက သိရပါတယ်။