လယ်မူလားမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းနဲ့ တိုက်ခိုက်လို့ ကလေး ၃ ဦးအပါအဝင် ၆ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တဖီလေးခိုကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၃ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဖလမ်းမှာ ၃ ရက်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၃ ရက်အတွင်း လူငယ်နဲ့ကျောင်းသူအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ များခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ စနေဘုရားကျောင်းနဲ့ ဒေသခံနေအိမ် ၆ အိမ် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့်မြို့မှာ ဘုရားကျောင်းနဲ့ဒေသခံရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရှမ်းမြောက်မှာ တရုတ်ဘက်ကနေ စက်သုံးဆီတချို့ ဝင်လာပေမဲ့ ဆီ ပြတ်လပ်တာအပြင် ဈေးအဆမတန် မြှင့်တက်နေ

ရှမ်းမြောက်မှာ တရုတ်နိုင်ငံဘက်ကနေ စက်သုံးဆီတချို့ ဝင်လာပေမဲ့ မြို့နယ်အများစုမှာ ဆီ ပြတ်လပ်တာအပြင် ဈေးအဆမတန် မြှင့်တက်တာတွေ ကြုံနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုကြောင့် ညောင်လေးပင်မြို့နယ်က အရပ်သား ၃၀ ဦး သေဆုံး

‎ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုထဲမှ အရပ်သား ၃၀ ဦးကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်တာနဲ့ သတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း ဒီနေ့ မတ်လ ၉ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ပါတယ်။

ကနီမြို့နယ်ထဲက အလှူအိမ်နဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရှင်လောင်း ၂ ဦးအပါအဝင် ၉ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲ ရှင်ပြုပွဲ ပြုလုပ်နေတဲ့ အလှူအိမ်နဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရှင်လောင်း ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူက ရွှေဖီမြေကို ပြောပါတယ်။

တအာင်းတပ် ထိန်းချုပ်ဒေသဘက် ကိုးကန့်တပ်က ကုန်ပစ္စည်း သယ်ယူခွင့် ပိတ်ပင်ထားဆဲ၊ ကုန်တချို့ ဈေးမြှင့်တာနဲ့ ပြတ်လပ်မှုရှိလာ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ဒေသဘက် ကိုးကန့်တပ်- MNDAA က ကုန်စည်တွေ မစီးဆင်းနိုင်အောင် ပိတ်ပင်ထားဆဲဖြစ်ပြီး ပစ္စည်းသယ်ယူခွင့်ကိုလည်း လုံးဝ မပေးတော့ဘူးလို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာမှာ အမျိုးသားတစ်ဦး မီးသွေးဖုတ်ဖို့သွားရင်း မိုင်းနင်းမိလို့ ဆေးကုသဖို့ အကူအညီ လိုအပ်

ရှမ်းမြောက် ‎ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ မီးသွေးဖုတ်ဖို့သွားတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသဖို့ အကူအညီ လိုအပ်နေကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နမ့်ဖတ်ကာ‌မှာ နေအိမ်တစ်လုံး မီးလောင်လို့ အိပ်ပျော်နေတဲ့ မြေးအဖွားနှစ်ဦး သေဆုံး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ နေအိမ်တစ်လုံး မီးလောင်လို့ အိပ်ပျော်နေတဲ့ မြေးအဖွားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်မှု ပုံစံမျိုးစုံ ကြုံနေရဆဲ တအာင်းဒေသက အမျိုးသမီး

‎ပဋိပက္ခ‌ဒေသဖြစ်တဲ့ ‌ရှမ်းမြောက်နဲ့ တအာင်း‌ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးအများစုဟာ စီးပွားရေးနဲ့ ရိုးရာဓလေ့ဆိုင်ရာ အကြမ်းဖက်မှုအပြင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်း စတဲ့အကြမ်းဖက်မှုတွေကို ကြုံနေကြရကြောင်း အချက်အလက်တွေနဲ့တကွ တွေ့မြင်နေရပါတယ်။