ကွတ်ခိုင်က ရွှေတူးလုပ်ကွက်တစ်ခုမှာ မြေပြိုမှုဖြစ်၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းပူးကျေးရွာအုပ်စု လုံကမ်ရွာအနီးရှိ ရွှေတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ မြေပြိုလို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တံပ်ကိုကာင်ကဲဟည်ဒဲႈ လည်ပေန်ခ္လခ္လေါႈ ယိူဝ်ႇလာဆေဝ် ဟာဝ်းကဒါႇဒီထိင်ခြဲ တံပ်ဆီုက်တအာင်းကဲ ပအိုမ်ငျံရ်နီန်

ဘိူန်းအယ်နံပ်တ ကညာကားကဲပေန်ခ္လဒိူန်ဒါႈ တံပ်ကိုကာင် MNDAA ဟည်ဒဲႈလည်ပေန်ခ္လဒိူန်ခ္လေါႈဟာဝ်း ယိူဝ်ႇကဒါႇလှံင်လာဆေဝ် ဟာဝ်းကဒါႇထိင်ခြဲ တံပ်ဆီုက်တအာင်း TNLA ကဲ ပအိုမ်ငျံရ်နီန်အောႏ။

Strong Winds Destroy Over 100 Waterfront Shops in Mong La

Strong winds have destroyed more than 100 waterfront shops in Mongla, eastern Shan State, according to the residents.

ကိုးကန့်တပ်က လားရှိုးကနေ တအာင်းတပ် ထိန်းချုပ်တဲ့ နမ္မတူဘက် ကုန်တချို့ ပြန်လည်ဖြတ်သန်းခွင့်ပေး

ကိုးကန့်တပ်- MNDAA က လားရှိုးမြို့နယ်ကနေ တအာင်းတပ် ထိန်းချုပ်တဲ့ နမ္မတူမြို့ဘက် ကုန်တချို့ ဖြတ်သန်းခွင့် ပြန်ပြုခဲ့တယ်လို့ ကုန်ကားသမားတချို့ဆီက သိရပါတယ်။

ညောင်လေးပင်မြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ၆ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၆ ဦး သေဆုံး

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၆ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ပါတယ်။

တကောင်းမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ တကောင်းနီကယ်စက်ရုံရှိတဲ့ ထီးချိုင့်ဘက် စစ်ရေး ဦးတည်လာ

အမျိုးသား ညီညွတ်ရေးအစိုးရ- NUG နဲ့ ပူးပေါင်းတပ်တွေ ၁ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို အလုံးစုံ ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက မနေ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

AA ဦးဆောင်သင်ကြားပေးခဲ့တဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်‌ပေါင်းစု- SRA အပတ်စဉ်(၁) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်

နွေဦးတော်လှန်ရေး မဟာမိတ်တပ်‌ပေါင်းစု- SRA ရဲ့ အပတ်စဉ်(၁) အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ မတ်လ ၁ ရက်က လွတ်မြောက်နယ်မြေတနေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ SRA က မနေ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

မိုးကုတ်အနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်အကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းမှာ တရုတ်နိုင်ငံကနေ စက်သုံးဆီ ဝယ်ယူခွင့် ရနေပြီး ပန့်ဆီဆိုင်တွေ လိုက်နာရမယ့် စည်းကမ်းချက် PSLF/TNLA ထုတ်ပြန်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့မှာ တရုတ်နိုင်ငံကနေ စက်သုံးဆီ ဝယ်ယူခွင့် ရနေပြီး ပန့်ဆီဆိုင်တွေ လိုက်နာရမယ့် စည်းကမ်းချက်ကို ထုတ်ပြန်ထားတယ်လို့ စက်သုံးဆီ အရောင်းအဝယ် လုပ်ကိုင်သူတွေဆီက သိရပါတယ်။

ဖားကန့်မှာ ပေါ်တာ ဆွဲမှုကြောင့် ဒေသခံတွေ အလုပ်ခွင်ထဲ မသွားရဲဖြစ်နေ

ကချင်ပြည်နယ် ဖားကန့်မြိုမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပေါ်တာ လိုက်ဆွဲမှုကြောင့် ဒေသခံတွေ အလုပ်ခွင်ထဲ မသွားရဲကြဘဲ ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။