ကျောက်မဲမှာ ရွေးကောက်ပွဲမတိုင်ခင် မှတ်ပုံတင်တွေကို အခမဲ့ လုပ်ပေးခဲ့ပေမယ့် အခုတော့ လဝကကို ငွေသိန်းချီ ပြန်ပေးရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မှတ်ပုံတင်လုပ်ရင် လူဝင်မှုကြီးကြပ်ရေးဌာန(လဝက) ကို ငွေသိန်းချီပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီပေါမှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အမျိုးသမီးတစ်ဦး ထပ်မံဖမ်းဆီးခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆပ်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူတွေ ဆက်ရှိနေတယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တာချီလိတ်က ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းသား ၃ ဦးစလုံး ၅ ရက်အကြာမှာ အလောင်းတွေ ပြန်တွေ့

ရှမ်းရှေ့ တာချီလိတ်မြို့နယ်က ‌ရေနစ်သေဆုံးသွားခဲ့တဲ့ ကျောင်းသား ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ၅ ရက်အကြာမှာ ပြန်တွေ့ခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းနဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ဖားကန့်က မြေစာပုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ရှိသူတွေ ရှိနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကဋေမှော်မှာ မြေစာပုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိပေမယ့် ပျောက်ဆုံးသေဆုံးမှု မတွေ့ရဘူးလို့ ဖားကန့် ပရဟိတအဖွဲ့ဝင်တွေထံက သိရပါတယ်။

SSPP နဲ့ MNDAA တို့ တွေ့ဆုံပြီး ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့ နှစ်ဖက်တပ်တွေ သဘောတူ

တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ကိုးကန့်တပ်မတော် MNDAA က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်ကို သွားရောက်ပြီး SSPP ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ MNDAA က မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

နတ်တလင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အရပ်သားနေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အရပ်သားနေအိမ် ၁၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြည်မြို့နယ်မှာ အရပ်သားတွေအပေါ် ပေါ်တာဆွဲ ငွေညစ်တာတွေ ပြုလုပ်နေတဲ့ ပျူစောထီး ငထွန်းကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း ပြည်မြို့နယ်မှာ အရပ်သားတွေအပေါ် ပေါ်တာဆွဲ ငွေညစ်တာတွေ ပြုလုပ်နေတဲ့ ပျူစောထီး ငထွန်းဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း (၂) က မနေ့ ဖေဖော်ဝါရီ ၁၆ မှာ ထုတ်ပြန်လာပါတယ်။

ပုလဲနယ်မှာ NUG ရဲ့ လက်အောက်ခံတပ်နဲ့ ဗိုလ်နဂါးရဲ့ BNRA တပ် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ရဲ့ တပ်စခန်းတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ လက်အောက်ခံတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ရွှေဖီမြေကို ပြောပါတယ်။

ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ သံလွင်တံတား မိုင်းခွဲဖျက်ဆီးခံရ

စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည် ဖားဆောင်းမြို့နယ်ရှိ သံလွင် (ဖားဆောင်း) တံတား မိုင်းခွဲဖျက်ဆီးခံရတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ပန်ဆန်းက KTV တစ်ခုမှာ အမျိုးသမီးတစ်ဦး K ရှူလွန်ပြီး သေဆုံး

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ရှိ KTV တစ်ခုမှာ အမျိုးသမီးတစ်ဦးက အသုံးများတဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ K ဆိုတဲ့အမှုန့်ကို အရှူလွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။