ဂန်ဂေါ့မြို့နယ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အရပ်သား နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
မကွေးတိုင်း၊ ဂန်ဂေါ့မြို့နယ်မြောက်ပိုင်း၊ ကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။