လက်ဖက်မြေ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ သီပေါ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆပ်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူတွေ ဆက်ရှိနေတယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာတင် အသက် ၃၄ နှစ်အရွယ်ရှိတဲ့ လွေးခိုင်ဖြိုးဆိုသူကို စစ်ကောင်စီတပ်က TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“သူက ပလောင်လူမျိုးပဲ။ အဓိက ဖမ်းရတဲ့အကြောင်းအရင်းကလည်း TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အချက်ပေါ့။ ဖမ်းဆီးခံရတာက ဒီလထဲ ရက်ပိုင်းလောက်ပဲ ရှိသေးတာ။ အရင်က သိထားသလောက် အဖမ်းခံရတဲ့သူတွေထဲက ပြန်လွှတ်လာတဲ့ သူတွေက နည်းပါတယ်”

သီပေါမြို့ကို TNLA ထိန်းချုပ်စဉ်ကာလတုန်းက အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့တဲ့ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ထောင်ဒဏ် ၇ နှစ်နဲ့ တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

အလားတူ စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ နောင်ချိုမြို့မှာလည်း စစ်ကောင်စီတပ်က နေအိမ်တွေကို ချိတ်ပိတ်ပြီး အခုလို မြို့ခံတချို့ ဖမ်းဆီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

သီပေါမြို့ကိုတော့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။‎

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။