TNLA က အပစ်ရပ်ပေမဲ့ ရှမ်း – မန်း စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားတဲ့နယ်မြေတွေကို တက်စွမ်းသမျှ ကာကွယ်သွားမယ်လို့ MDY PDF ဆို

ရှမ်း – မန်း စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ ထိန်းချုပ်နယ်မြေတွေကို အားခွန်သွန်စိုက် ဆက်လက်ကာကွယ်သွားမယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် – MDY PDF က ထုတ်ပြန်ခဲ့ပါတယ်။

သီပေါမှာ TNLA၊ PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က နေအိမ် ၄၀ ကျော် ချိတ်ပိတ်၊ ဖမ်းဆီးခံရသူတွေလည်း ရှိနေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ တအာင်းတပ် TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဒေသခံတွေရဲ့ နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က ချိတ်ပိတ်ထားပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်းရေးဒဏ်ကြား အဓမ္မ ပြုကျင့်ခံရသူ

“ညီမလေးကို အဲလို အဓမ္မ ပြုကျင့်တာကို ဘယ်သူ့ဆီမှ မပြောရဲဘူး။ အဲဆရာဝန်က ခြိမ်းခြောက်ထားတယ်။ နင်ပြောပြရင် နင်ပဲအရှက်ရမယ်တဲ့။ အဲဒါကြောင့် ဘယ်သူ့ဆီမှ မပြောပြရဲဘူး”

စစ်ကောင်စီတပ်နဲ့ TNLAတပ်တို့ အပစ်ရပ်သဘောတူ

တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်-TNLAတပ်တို့အကြား တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း တအာင်းတပ်ဘက်က ဒီနေ့ အောက်တိုဘာ ၂၉ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

သရက်ချောင်းနဲ့ မုန်းမြို့နယ်က ပြည်သူတွေရဲ့နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ညောင်လေးပင်ခရိုင်နဲ့ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့က ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တွန်းဇံမြို့သို့ ဦးတည် ချီတက်

ချင်းပြည်နယ်၊ တီးတိန်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ တီးတိန်-တွန်းဇံ ကားလမ်းမအတိုင်း တွန်းဇံမြို့သို့ ဦးတည်ချီတက်နေတယ်လို့ စစ်ရေးအခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မလှိုင်မြို့နယ် ဘွက်ငယ်ရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သားအမိ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း မလှိုင်မြို့နယ် သက္ကယ်ကျင်းအုပ်စု ဘွက်ငယ်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူထုသတင်းကွန်ယက် မလှိုင်မြို့က ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီ တပ်က လေကြောင်းကနေ ၄ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်၊ ဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံး

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေ က စုံစမ်းသိရှိရပါတယ်။

တန်ဆောင်တိုင် မီးပုံးပျံပွဲအတွက် ယမ်းစမ်းသပ်မှု ပြုလုပ်နေချိန် ပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၂ ဦး မီးလောင်ဒဏ်ရာရ

ရှမ်းတောင် တောင်ကြီးမြို့မှာ ပြုလုပ်ဖို့ရှိတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲအတွက် ယမ်း စမ်းသပ်မှုတွေ ပြုလုပ်နေချိန်မှာ ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။

ကျောက်မဲမှာ TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က အမျိုးသား ၃ ဦးကို ဖမ်းဆီး၊ နေအိမ်တချို့လည်း ချိတ်ပိတ်ခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ တအာင်းတပ်- TNLA နဲ့ဆက်စပ်တယ်ဆိုပြီး အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး နေအိမ်တချို့ကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။