ဓာတ်ပုံ – Local (ပုံဟောင်း)

သူတော်စိန်၊ ဒီဇင်ဘာ ၂၂ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ ကားလေးဝန်းအနီးရှိ KTV ဆိုင်တစ်ခုမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ တရားမဝင် လာရောက်နေထိုင်ကြတဲ့ တရုတ်နိုင်ငံသား (၅) ဦးနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ပြည်သူ့စစ် (၈) ဦးတို့က ဆိုင်ဝန်ထမ်း မိန်းကလေးတွေကို ထိပါးစော်ကားရာခဲ့ရာ အချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် ည ၁၁ နာရီလောက်မှာ KTV က ဆိုင်ဝန်ထမ်းတွေကို ထိပါးစော်ကားတာတွေ မလုပ်ဖို့ မန်နေဂျာဖြစ်သူမှ တားဆီးခဲ့တာကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“တရုတ်တွေက မူးပြီး ကောင်မလေးကို ဖက်နမ်းတယ်။ ကောင်မလေးက မလုပ်ဖို့ တောင်းပန်သလို သူတို့မန်နေဂျာကလည်း လာပြီး တောင်းပန်တယ်။ တရုတ်တွေက မူးနေကြတာ။ နောက်တော့ ပြည်သူ့စစ်က စထိုးတယ် ပြည်သူ့စစ်က မြို့မက။ တရုတ်တွေက ခုံတွေ ရိုက်ချိုးတယ်။ KTV ပိုင်ရှင်ရောက်လာပြီး တောင်းပန်တော့မှ အဆင်ပြေသွားတယ်။ ဒီသတင်း ဌာနဆိုင်ရာဆီ ပေါက်ကြားရင် ဆိုင်ပိတ်ရမှာမို့ သတင်းကို ဘယ်သူမှ မပြောဖို့ ဝန်ထမ်းတွေနဲ့ ကျနော်တို့ကို တောင်းပန်ပြီး သတိပေးထားတယ်” လို့ တောင်ရပ်ကွက် နေထိုင်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျားဖြန့်မှာ အလုပ်လုပ်နေကြသူအားလုံးက နေ့ဆိုင်း ညဆိုင်းဆိုပြီး အလုပ်လုပ် လုပ်နေကြတာကြောင့် အခု လာရောက်သောင်းကျန်းသူ တရုတ်နိုင်ငံသားတွေက နေ့ဆိုင်းမှာ အလုပ် လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့လည်း သိရှိသူတွေက ဆိုပါတယ်။

လက်ရှိ မူဆယ်ထဲမှာ တရားမဝင် ဝင်ရောက်ပြီး ကျားဖြန့်လုပ်ငန်းလာရောက်လုပ်ကိုင်သူ လူဦးရေ ၁ ထောင်ကျော်ရှိကြောင်း ရဲစခန်းမှ လိုင်းကြေးကောက်ယူတဲ့ စာရင်းတွေအရ သိရပါတယ်။

ကျားဖြန့်တစ်ရုံမှာ တစ်လကို ရုံအကြီးအသေးပေါ် မူတည်ပြီး သိန်း (၆၀)ကနေ သိန်း(၁၅၀) အထိ ပေးရပြီး ရုံအသေးဖြစ်သော်လည်း တရုတ်နိုင်ငံသား (၅) ယောက်နဲ့ အထက်ရှိရင် ရုံကြီးနှုန်းအတိုင်း သိန်း(၁၅၀) ပေးရတယ်လို့ စုံစမ်းသိရှိရပါတယ်။

အဆိုပါ ကျားဖြန့်ရုံတွေမှာ တရုတ်နိုင်ငံသားတွေကို ရုံပိုင်ရှင်က နေ့မထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ညပိုင်းတွေမှာ သွားလာလှုပ်ရှားကြတာ ဖြစ်ပါတယ်။

အလာတူဖြစ်ရပ်မျိုးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ (၇) ရက်နေ့တုန်းကလည်း မြို့ရှောင်လမ်းရှိ အနှိပ်အခန်းအကြီးတစ်ခုမှာ ဖြစ်ပွားခဲ့ရာ ကွတ်ခိုင်မှ လာရောက်အလုပ်လုပ်ကိုင်တဲ့ ဝန်ထမ်းမိန်းကလေးတစ်ဦး ရိုက်နှက်ခံပြီး နှာခေါင်းရိုး ကျိုးသွားရတဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့အမျိုးသား ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးလို့ ၁ ဦးသေ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ ကားအရောင်းအဝယ်လုပ်တဲ့ ညီအစ်ကို ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးသွားလို့ ညီလေးဖြစ်သူသေဆုံးပြီး အစ်ကိုဖြစ်သူက ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။