ဓာတ်ပုံ – ANW

ဆုမွန်၊ ဇူလိုင် ၂၂ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး မြေပိပြီး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက် မနက် ၉ နာရီခွဲက မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်မှာ မြေပြိုပြီး အသက် ၃၀ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “သူတို့ စားသောက်ဆိုင်ရဲ့ မီးဖိုချောင်ထဲမှာ သူဟင်းချက်ဖို့လား ဘာလားတော့ မသိဘူး။ အဲဒီလုပ်တဲ့အချိန်မှာပဲ မြေပြိုမှု ဖြစ်သွားတာ။ သူမီးဖိုချောင်ထဲမှာဆိုတော့ မလွတ်လိုက်ဘူးပေါ့။ ခုံက သူ့‌ခြေထောက်ကို ပိလိုက်တာ။ ကြီးကြီးမားမား ဒဏ်ရာရသွားတော့ မရှိဘူး။ ဒီဖြစ်တဲ့ ဖြစ်စဉ်ကြောင့် ကြောက်သွားတာလည်းပါမယ်။ လန့်သွားတာလည်း ပါမှာပေါ့”

ဒါ့အပြင် မူဆယ်မြို့ တောင်ရပ်ကွက်ဘက်မှာလည်း မြေပြိုမှု‌ကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အမျိုးသမီးကိုတော့ မူဆယ်မြို့ရှိ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိပြီး မြင့်မြတ်ပါရမီလူမှု့ကူညီရေးအသင်းကားနဲ့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကလည်း တန့်ယန်းမြို့ ရပ်ကွက် ၆ ဘက်မှာ မြေပြိုမှုဖြစ်ပွားပြီး အသက် ၄၉ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။