ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အကြီးမားဆုံး စစ်ရေး အောင်မြင်မှုလို့ သတ်မှတ်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီအောင်မြင်မှုရဲ့ နောက်ကွယ်မှာ အိမ်ထောင်ဦးစီးတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေ၊ ဖခင် မရှိတော့တဲ့ ကလေးတွေ၊ မိသားစုတာဝန်ကို တစ်ယောက်တည်း ထမ်းပိုးနေရတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။
အဲဒီထဲမှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့နယ်က ဒေါ်ယေကြင်လည်း ပါဝင်ပါတယ်။ သူမရဲ့အမျိုးသားဖြစ်သူ ဦးလုံချမ်းလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့ပါတယ်။
ဦးလုံချမ်းဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ခုနှစ် ဩဂုတ်လက TNLA တပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်ရင်း နောင်ချိုမြို့နယ်ထဲက တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။