ဓာတ်ပုံ- Local

အလင်း၊ မေလ ၁၉ ရက်၊ တွန်းဇံ

ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်ကောင်စီတပ်နဲ့ ဇိုမီးတော်လှန်ရေးတပ်- ZRA ပူးပေါင်းတပ်က လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးပြီး ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်နဲ့ ZRA ဟာ ကျီးခါးမြို့နဲ့တီးတိန်မြို့ကနေ အင်အား ၆၀၀ ခန့်နဲ့ ပြီးခဲ့တဲ့ မေလ ၁၁ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီနေ့ မေ ၁၉ ရက်မှာ တွန်းဇံမြို့ကနေ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ယာယီ ဆုတ်ခွာပေးရတာပဲ ဖြစ်ပါတယ်။

“လေကြောင်းပစ်ကူနဲ့ တွန်းဇံကို ပြန်သိမ်းသွားတာပါ။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒီကနေ့ညနေပိုင်းမှာ မြို့ထဲကနေ တပ်တွေအားလုံး ဆုတ်ခွာလိုက်ပါပြီ” လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ မြို့ကနေ ယာယီ ဆုတ်ခွာပေးခဲ့ရပေမယ့် မြို့အပြင်ဘက်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ မြေပြင်ထက် လေကြောင်းပစ်ကူကို အဓိက အားပြုပြီးတော့ တိုက်ခိုက်နေတာဖြစ်ပြီး မနေ့ မေလ ၁၈ ရက်ကလည်း တွန်းဇံမြို့အနီးမှာ တိုက်ပွဲ တစ်နေကုန် ဖြစ်ပွားခဲ့ပါတယ်။

တွန်းဇံမြို့ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်မှာ သိမ်းပိုက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။