ရွှေဖီမြေ၊ မတ်လ ၇ ရက်၊ နေပြည်တော်
လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲပဋိပက္ခအတွင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ မတ်လ ၆ ရက်မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်ထဲ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေအတွက် အလွန် စိုးရိမ်ပူပန်သလို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုနဲ့ သံတမန်ရေး ကြိုးပမ်းမှုသာ ပဋိပက္ခကို ဖြေရှင်းနိုင်မယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတွေအနေနဲ့ နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ နယ်မြေတည်တံ့ ခိုင်မြဲမှုကို အပြန်အလှန် လေးစားလိုက်နာရန် လိုအပ်ပြီး ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေကို လျှော့ချပြီးတော့ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။
စစ်ကောင်စီဟာ အီရန်နဲ့ ဆက်ဆံရေး တည်ဆောက်ထားပြီး လေယာဉ်ဆီတွေကို လျှို့ဝှက်ဝယ်ယူတာတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။