ဓာတ်ပုံ – စစ်ကောင်စီ

ရွှေဖီမြေ၊ ဧပြီ ၂၄ ရက်

မြောက်ပိုင်းတပ်ဖွဲ့တွေဖြစ်တဲ့ “ဝ” တပ် – UWSA ၊မိုင်းလားတပ် – NDAA၊ ကချင်တပ် – KIA၊ တအာင်းတပ် – TNLA ၊ ကိုးကန့်တပ် – MNDAA တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို သမ္မတရာထူး ရယူထားတဲ့ ဦးမင်းအောင်လှိုင်အစိုးရက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားပြီး UWSA ထံ ညီနောင်မဟာမိတ်တွေ လက်လွှဲလိုက်တဲ့ ဟိုပန်မြို့နယ်၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – NDAA ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့နယ်နှင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း KIA သိမ်းပိုက်ထားတဲ့ မဘိမ်းမြို့နယ်တို့ စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ မြို့နယ်ထဲ ပါဝင်ကြပါတယ်။

ဒါ့အပြင် TNLA ထိန်းချုပ်ထားဆဲဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနဲ့ နမ့်ခမ်းမြို့နယ်တွေလည်း စစ်အုပ်ချုပ်ရေးမြို့နယ်စာရင်းထဲပါဝင်ပြီး MNDAA လက်ရှိထိန်းချုပ်ထားတဲ့ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ လောက်ကိုင်နဲ့ ကုန်ကြမ်းတို့လည်းပါဝင်ပါတယ်။

အဲထဲမှာ TNLA ထံ စစ်ကောင်စီပြန်လည်သိမ်းပိုက်ခဲ့တဲ့ ကျောက်မဲ၊ သီပေါနဲ့ မိုးမိတ်မြို့နယ်တို့လည်းပါဝင်တာ တွေ့ရပြီး အခုလို မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကြေညာခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လက်နက်ကိုင်သောင်းကျန်းမှုတွေချုပ်ငြိမ်းစေဖို့ဆိုပြီး ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့မြို့နယ်တွေအကုန်လုံးကတော့ ပြည်နယ် ၆ ခုထဲက မြို့နယ် ၄၁ မြို့နယ်နဲ့ တိုင်းဒေသကြီး ၃ ခုထဲက ၁၄ မြို့နယ် စုစုပေါင်း ၅၅ မြို့နယ်တိတိနဲ့ ရက်ပေါင်း ၉၀ တိတိ ကြာမြင့်မှာ ဖြစ်တယ်ဆိုပါတယ်။

ဒီလို ထုတ်ပြန်ကြေညာချက်မတိုင်ခင် တရုတ်အပြင် UWSA ၊ NDAA နဲ့ TNLA တို့က ဦးမင်းအောင်လှိုင်အစိုးရကို ဂုဏ်ပြုသဝဏ်လွှာ အသီးသီး ပေးပို့ခဲ့ကြပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။