ရွှေဖီမြေ၊ မတ်လ ၂၁ ရက်

ကိုးကန့်ဒေသ လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်-MNDAA တို့အကြား အပစ်အခတ်ရပ်ဖို့ သဘောတူညီချက် ရရှိပြီလို့ တအာင်းတပ်မတော်ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

သဘောတူညီချက်မှာ နှစ်ဖက်တပ် နေရာချထားရေး၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နှစ်ဖက်တပ်သားတွေ ပြန်လွှတ်ပေးရေးနဲ့ နယ်မြေခွဲဝေမှုကိစ္စ ပါဝင်ပြီး ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်က ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။

“ဆွေးနွေးပွဲကတော့ မနေ့က ပြီးသွားပြီ။ ဆွေးနွေးပွဲသွားတဲ့ ကိုယ်စားလှယ်တွေလည်း ပြန်ရောက်ကြပြီ။ အဓိက နှစ်ဖက်တပ် အပစ်ရပ်ဖို့ရယ် မဟာမိတ်အဖြစ် ဆက်လက် ရပ်တည်ဖို့နဲ့ နယ်မြေတွေ တပ်နေရာချထားရေးတွေ သဘောတူနိုင်ခဲ့တယ်” လို့ လွေးယေဦးက ပြောပါတယ်။

လက်ရှိ နှဖက်တပ် ဖမ်းဆီးထားတဲ့ တပ်သားနဲ့ လက်နက်ခဲယမ်းတွေကို စာရင်း ပြုစုထားပြီး ရက်ပိုင်းအတွင်း ပြန်လည် လွှဲပြောင်းပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

နယ်မြေကိစ္စကိုတော့ အတိအကျ ပြောခြင်းမရှိဘဲ သတ်မှတ်ထားတဲ့နေရာ ရောက်မှသာ အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တအာင်းတပ်နဲ့ကိုးကန့်တပ် မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်ဟာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပါအဝင် ပြည်ထောင်စု လမ်းမတစ်လျှောက်က တအာင်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီး နမ္မတူနဲ့နမ့်ခမ်းအစပ်မှာလည်း စစ်ရေး ဆိုင်ထားတာတွေ ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။