ဓာတ်ပုံ- Tai Freedom

ရွှေဖီမြေ၊ မေလ ၂၁ ရက်၊ လွိုင်တိုင်းလျန်း

နယ်မြေနဲ့ အကျိုးစီးပွားတွေအတွက် တော်လှန်ရေးတပ်အချင်းချင်းကြား တိုက်ခိုက်မှုတွေဟာတော်လှန်ရေးကို ကြာရှည်စေတယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

ဒီနေ့ မေလ ၂၁ ရက်မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး ယွက်စစ်က အခုလို ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဗမာပြည်သူ့စစ်အသွင် တပ်မုန်းတီးရေးနဲ့သာ တိုက်ပွဲဝင်တာ၊ ရေရှည်ရည်မှန်းချက် မရှိတာကြောင့် ရန်သူဘက်က နိုင်ငံရေး ကစားလာတဲ့အခါ လက်နက်ချသွားတာနဲ့ ပြောင်းလဲသွားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတချို့ဟာ ငွေနဲ့ အာဏာ တည်ဆောက်ပြီး မာနထောင်လွှားကာ တောထဲမှာ မင်းမူနေတယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

အမှားတွေကို သင်ခန်းစာယူပြီး တော်လှန်ရေးအဖွဲ့အစည်းအကြား အပြစ်မတင်ကြဘဲ နိုင်ငံရေး၊ စစ်ရေးဗျူဟာတွေကို လေ့လာသင်ယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

RCSS ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်- NCA မှာ လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်လို့ မကြာခဏ ထုတ်ပြောထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။