ဓာတ်ပုံ- Local

အလင်း၊ မေလ ၂၁ ရက်၊ ဖလမ်း

ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် လေကြောင်းရန် စိုးရိမ်စရာ မရှိတော့ဘူးဆိုလို့ စစ်ဘေးရှောင် ရာနဲ့ချီ နေရပ်သို့ ပြန်လည်ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မြို့ခံတွေဟာ ကလေးမြို့နဲ့ အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

တိုက်ပွဲဋိပက္ခတွေကြောင့် လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက နေရပ်စွန့်ခွာခဲ့ရတဲ့ ဖလမ်းမြို့ခံ ၆ ထောင်ကျော် ရှိခဲ့ပါတယ်။

လက်ရှိမှာ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်စိုးမိုးထားတာကြောင့် လေကြောင်းရန်အန္တရာယ် စိုးရိမ်စရာ မလိုတော့တဲ့အတွက် စစ်ဘေးရှောင်တွေဟာ နေရပ်သို့ ပြန်လည်အခြေချ နေထိုင်လာကြတာပဲ ဖြစ်ပါတယ်။

“ဖလမ်းမြို့ကို စစ်ကောင်စီ ထိန်းချုပ်ထားလို့ ပြန်လာကြတာမျိုး မဟုတ်ပါဘူး။ အရင်က စစ်ကောင်စီက မကြာခဏ လေကြောင်း ဗုံးကြဲချတယ်။ အခုသူတို့ ပြန်ထိန်းချုပ်လိုက်တော့ လေကြောင်း ဗုံးကြဲတော့မှာ မဟုတ်လို့ ပြန်လာကြတဲ့သဘော ဖြစ်ပါတယ်” လို့ ဖလမ်းမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ဖလမ်းမြို့ကို ပြန်လည်ဝင်ရောက်လာသူ စစ်ဘေးရှောင် ၅၀၀ ကျော် ရှိပြီဖြစ်ပြီး ဟားခါးမြို့မှာ စစ်ဘေးရှောင်ကြသူတချို့လည်း ပြန်လာကြပြီဖြစ်တယ်လို့ သိရပါတယ်။

နေရပ်သို့ ပြန်လိုပေမဲ့လည်း သွားလာရေးစရိတ် ခက်ခဲနေတဲ့ စစ်ဘေးရှောင်တွေကို ဖလမ်းမြို့နယ်အသင်းနဲ့ ဘာသာရေးအသင်းအဖွဲ့အပါအဝင် လူမှုကူညီရေးအသင်းအဖွဲ့တွေက ကားတွေနဲ့ အခမဲ့ ကူညီပို့ဆောင်ပေးနေပါတယ်။

ဒါ့အပြင် စစ်တပ်က ဖလမ်းမြို့တွင်းမှာလည်း လမ်းသန့်ရှင်းရေး ဆောင်ရွက်တာ၊ ပြုပြင်တာတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။