လွေးဇွန်မိုး၊ ဧပြီ ၁ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု ဟိုခိုကျေးရွာရဲ့ ရွာအဝင်ဆိုင်းဘုတ်လည်း လာရောက်ဖျက်ဆီးခံသွားရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ ဟိုခိုရွာအဝင်ဆိုင်းဘုတ်မှာ ရေးထားတဲ့ တအာင်းစာတွေကို ကိုးကန့်ဝတ်ဆုံ ဝတ်ဆင်ထားတဲ့တပ်ဖွဲ့ဝင်တွေက လာရောက်ဖျက်ဆီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မိုင်းယုလမ်းခွဲကော ဟိုခိုအထက်ကော အောက်မှာကော အကုန်ဖျက်ပစ်လိုက်ပြီ။ ဆိုင်းဘုတ်မှာ တအာင်းစာပါလို့ထင်တယ်။ အဲကြောင့်ဖျက်ပစ်တာ။ ဒေသခံတွေလည်း ကြောက်တော့ ဘာမှသွားမပြောရဘူးလေ”

အလားတူ ကွတ်ခိုင်မြို့နယ်က တအာင်းကျေးရွာတွေကို ကိုးကန့်တပ်က အစည်းအဝေးခေါ်ပြီး တအာင်းကျေးရွာက စာသင်ကျောင်းတွေမှာ တအာင်းအလံမထောင်ဖို့ နဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို တအာင်းအလံပုံစံဆေးမချယ်ဖို့ပြောခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

အစည်းအဝေးပြီးနောက်မှာလည်း ကွတ်ခိုင်မြို့နယ်ထဲက တအာင်းကျေးရွာတချို့ရဲ့ ရွာအဝင်ဆိုင်းဘုတ်မှာ ချယ်ထားတဲ့ တအာင်းအလံပုံစံတွေကို ကိုးကန့်တပ်က လာ​ဖျက်ဆီးသွားတာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်မှာ ကိုးကန့်တပ်က ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် လမ်းစဉ်ကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ပြီး တိုင်းရင်းသားအားလုံးကို ခွဲခြားဆက်ဆံမှာမဟုတ်ပဲ တန်းတူညီမျှရေးကို အလေးထားသွားမယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ ကွဲလွဲမှုရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။