ရွှေဖီမြေ၊ ဧပြီ ၁ ရက်
မတ်လ ၃၁ ရက်က စစ်ကောင်စီရဲ့ ခေါင်းဆောင်သစ်တွေဖြစ်လာတဲ့ တပ်မတော်ကာကွယ်ရေးဥဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဂုဏ်ပြုကြောင်း မိုင်းလားတပ်- NDAA က မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ခေါင်းဆောင် ၂ ဦးတာဝန်ပေးခံရတဲ့အတွက် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ- ၄ နဲ့ စည်းလုံးညီညွတ်ရေးကော်မတီ၊ ဒေသခံလူထုတွေအားလုံး ဂုဏ်ပြုသဝဏ်လွှာပေးပို့ကြောင်း ဖော်ပြထားပါတယ်။
“ဝ” တပ်ဖွဲ့- UWSA ကလည်း စစ်ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဂုဏ်ပြုကြောင်းနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
၁၅ နှစ်ကြာ စစ်ခေါင်းဆောင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်တို့နှစ်ဦးဟာ မနေ့မှာ တပ်ကနေအနားယူခဲ့ပြီး ၎င်းတို့ရဲ့ လူယုံနှစ်ဦးကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လာမယ့် စစ်ကောင်စီရဲ့ အစိုးရသစ်မှာ ပြည်သူ့လွှတ်တော်ကတင်မြှောက်တဲ့ ဒုသမ္မအဖြစ် ရွေးချယ်ခံထားရပြီး ဦးစိုးဝင်းကတော့ ဘယ်နေရာမှာ တာဝန်ဆက်ယူမလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။