ဓာတ်ပုံ – TNLA

ရွှေဖီမြေ၊ ဧပြီ ၂၉ ရက်၊ နမ့်ဆန်

တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းအုပ်စု၊ လပိုင်းကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံးပျက်စီးသွားခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် နေ့လယ် ၂ နာရီကျော်မှာ မိုးသည်ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လပိုင်းကျေးရွာက နေအိမ်တွေ အမိုးလန်တာ၊ နံရံပြိုကျတာနဲ့ နေအိမ်ထဲကပစ္စည်းတွေ ပျက်စီးသွားတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

“တော်တော်တိုက်တယ် အဲနေ့။ သူများအိမ်တော့မသိဘူး။ ကိုယ်တို့အိမ်တောင် သွပ်မိုးတွေလှုပ်တယ်” လို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပျက်စီးသွားတဲ့ နေအိမ် ၁၀ အိမ်ထဲက ၂ အိမ်ဟာ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လုံးဝပျက်စီးသွားခဲ့ပြီး အဲဒီလေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော် ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

‎ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် ည ၇ နာရီ ဝန်းကျင်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် ပုန်းထွန် ရပ်ကွက်၊ နမ္မလင်းရွာ၊ ဆွတ်ဆိုင်ရွာ၊ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး၊ ပါလျှံ (၂) ဝေဠုဝန်ကျောင်းလမ်း စတဲ့နေရာတွေမှာ သစ်ပင်လှဲတာနဲ့ သစ်ကိုင်းကျိုးကျတာတွေကြောင့် လူနေအိမ်တွေရဲ့ အမိုးအကာတွေ ပျက်စီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ‎ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကလည်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မြို့တွင်းရှိ နေအိမ်နဲ့ အများသုံး အဆောက်အဦးအပြင် စေတီပုထိုးတွေလည်း ပျက်စီးခဲ့ပါတယ်။

‎အလားတူ ရှမ်း‌အရှေ့ ကျိုင်းတုံ၊ မိုင်းဖြတ်နဲ့ မိုင်းဆတ်မြို့မှာလည်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးတာတွေရှိခဲ့ပါတယ်။

‎ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ မြေပြိုနိုင်တဲ့ နေရာတွေ၊ လေပြင်းကြောင့် သစ်ပင်ကျိုးကျ၊ လဲကျနိုင်သောနေရာတွေနဲ့ အန္တရာယ်ရှိနိုင်တဲ့ ဒေသတွေကို ကြိုတင်စစ်ဆေးပြီး လိုအပ်တဲ့ ရှင်းလင်းရေးလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ဖို့ TNLA က တိုက်တွန်းထားပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။