ရွှေဖီမြေ၊ မေလ ၂၀ ရက်၊ ကွတ်ခိုင်

တအာင်းတပ်- TNLA ထိန်းချုပ်ခဲ့တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်- MNDAA က တိုက်ခိုက်ချိန် ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို လျော်ကြေး ပေးမယ်လို့ ပြောဆိုထားပေမဲ့ လာပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်က ထိန်းချုပ်ပြီးနောက် ပျက်စီးသွားတဲ့ နေအိမ်တွေရဲ့စာရင်းကို လာရောက်ကောက်ခံပြီး လျော်ကြေး ပေးမယ်လို့ ပြောဆိုထားပေမဲ့ နှစ်လကျော် ကြာတဲ့အထိ လာပေးတာ မရှိဘူးလို့ ဆိုပါတယ်။

“အခုအိမ်ကို ကိုယ်ထူကိုယ်ထနဲ့ပဲ ပြန်ပြင်ရတယ်။ ပျက်ကတည်းက စာရင်းလာကောက်တာ။ အခုထိ ဘာမှမကြားရတော့ဘူး။ ပျက်စီးသွားတဲ့အထဲမှာ ကျနော့်အိမ်လည်း ပါတယ်” လို့ ကွတ်ခိုင်မြို့နယ်ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဖီမြေက ရရှိထားတဲ့ စာရင်းတွေအရ ဒရုန်းဗုံးကြောင့် မန်လွယ်၊ ဟိုကျန့်၊ လွယ်ဆိုင်၊ မန်ထန် ကျေးရွာက နေအိမ် ၁၅ လုံး၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပါတယ်။

“အဓိက ပျက်စီးတာက လွယ်ဆိုင်ရွာဘက်မှာ ဖြစ်တာ။ လျော်ကြေး ပေးမယ်လို့တော့ ပြောတာပဲ။ အခုထိ ဘာမှမကြားသေးဘူး”

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်မှာ MNDAA က ကွတ်ခိုင်မြို့နယ်ရှိ TNLA ရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ကို ထိန်းချုပ်ကာ အထူးဒေသ ၁ အဖြစ် အုပ်ချုပ်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။