ဓာတ်ပုံ- KNHC

ဝတ်ရည်၊ မေလ ၂၀ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆို အနောက်ခြမ်းက ၅ နှစ်အောက် ကလေးငယ်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတယ်လို့ ကယန်းအမျိုးသား ကျန်းမာရေးကော်မတီမှ တာဝန်ရှိသူ ဘယ်နဒဲတာက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းက ကပါစူကျေးရွာမှာ ၅ နှစ်အောက် ကလေးငယ် ၇ ဦးအပါအဝင် ဒေသခံ ၉ ဦးက ဝမ်းပျက်ဝမ်းလျှော်ရောဂါ ခံစားနေရတာလို့ ဆိုပါတယ်။

“စစချင်းတော့ ၃ ယောက်ပဲ ဖြစ်တာ။ ၁ ယောက်ကတော့ ဆေးရုံကို လွှဲပြောင်းရတာမျိုးအထိ စိုးရိမ်ရတာကြောင့် ကျမတို့ ရွာအထိ ကုသရေးအပိုင်းတွေ စစ်ဆေးရေးအပိုင်းတွေ စစ်ခဲ့ပြီးတဲ့နောက်မှာပဲ နောက် ၉ ယောက် ပြန်တွေ့ခဲ့တာပါ” လို့ ဘယ်နဒဲတာက ပြောပါတယ်။

ကပါစူကျေးရွာမှာ အိမ်ခြေ ၂၃ အိမ် ရှိပေမဲ့ နေအိမ် ၁၀ ကျော်မှာတော့ အိမ်သာ မရှိကြတာကို တွေ့ခဲ့ရတယ်လို့ ၎င်းက ဆိုပါတယ်။

“ကျမတို့ ကျေးရွာကို ရောက်တဲ့အချိန်မှာ နေထိုင်ရေးနဲ့ သန့်ရှင်းမှုအပိုင်းတွေလည်း အားနည်းတယ် ပြောရမှာပေါ့။ ဆပ်ပြာတွေ သုံးတာလည်း မတွေ့ရဘူး။ ရေကြောင့်ဖြစ်တဲ့ရောဂါလို့တော့ သတ်မှတ်လို့ရတာပေါ့။ ကာလအလိုက် ဖြစ်တာမျိုးတော့ မဟုတ်ဘူး”

လက်ရှိမှာ ဒီးမော့ဆို အနောက်ခြမ်းက ကျေးရွာအများစုမှာ ငှက်ဖျားရောဂါကိုလည်း ဒေသခံအများစုက ခံစားနေကြရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကလည်း သွေးလွန်တုပ်ကွေးကြောင့် ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင် အမျိုးသား ၁ ဦး သေဆုံးခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။