ပို့လဘား၊ ‌မတ်လ ၂ ရက်၊ နမ့်ဖတ်ကာ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကလေးတစ်ဦး ရေနစ်ပြီး သေဆုံးသွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ မတ်လ ၁ ရက် နေ့လယ် ၁၂ နာရီခွဲကျော်မှာ အသက် ၈ နှစ်ဝန်းကျင် ကလေးတစ်ဦးက နမ့်ဖတ်ကာရွာအနီးမှာရှိတဲ့ ရေပူစမ်းမှာ ရေကူးရာကနေ ရေနစ်ခဲ့တာပါ။

“အဲရေပူစမ်းက ရေ မနက်ဘူး။ သူဘယ်လိုကနေ ဘယ်လို ဖြစ်သွားတာလဲ‌တော့ မသိဘူး။ ရေအကြာကြီး စိမ်ထားရင် အားမရှိတော့ဘူးလေ။ သူလည်း ရေကူးရင်းနဲ့ အားမရှိတော့ ကိုယ့်ကို မနိုင်တော့တာထင်တယ်။ သူ့ကိုဆေးရုံပို့ဖို့ လုပ်နေတဲ့အချိန်မှာပဲ လမ်းတစ်ဝက်မှာ သေသွားတာ။ ရေပူစမ်းမှာ အဲလိုတစ်ခါမှ မဖြစ်ဖူးဘူး။ ဒါပထမအကြိမ် ဖြစ်သွားတာပဲ”

ရေနစ်သေဆုံးသွားတဲ့ ကလေးဟာ ၎င်းရဲ့ ဆွေမျိုးနဲ့ နမ့်ဖတ်ကာရှိ ရေပူစမ်းမှာ အလည်လိုက်လာတာဖြစ်ပြီး ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာဇာတိ ဖြစ်တယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် ရေလှောင်တမံမှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က ကျောင်းသားတစ်ဦး ရေ သွားကူးရင်း ရေနစ်သေဆုံးခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်ကလည်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှာရှိတဲ့ နမ့်မောချောင်းမှာ အမျိုးသားတစ်ဦး ရေကူးရာကနေ ရေနစ်သေဆုံးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။