ဓာတ်ပုံ- အောင်လံလူထု

ရဲမာန်၊ ‌မတ်လ ၂ ရက်၊ အောင်လံ

‌မကွေးတိုင်း အောင်လံမြို့နယ် ဒါးစမ်းကျေးရွာ(တဇန်း)ကို စစ်‌ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ် ၂၇ လုံး မီးလောင်ပြာကျခဲ့တယ်လို့ အောင်လံလူထုရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မတ်လ ၁ ရက်မှာ အောင်လံမြို့နယ် မှန်ပြတောင် ဘုရားတောင်ပေါ် တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာလို့ ၎င်းက ပြောပါတယ်။

“လက်နက်ကြီးတွေ အများကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ တိုက်ပွဲ ဖြစ်ပွားတာမျိုးလည်း မရှိပါဘူး။ ကာကွယ်ရေးတပ်သားတွေ ရောက်ရှိနေတယ်လို့ ဒလန်သတင်းပေးမှားမှုကြောင့် ပစ်ခတ်တာပါ။ စစ်ကော်မရှင်က ဒီလထဲမှာ အခုလို ကျေးရွာတွေကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ရမ်းသမ်းပစ်ခတ်မှုတွေ ထပ်လုပ်လာနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ သတိရှိစွာ နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်”

လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် ၂၇ လုံး ပျက်စီးခဲ့တဲ့အပြင် ဘုန်းကြီး‌ကျောင်း ဆွမ်းစားဆောင် ၁ ဆောင်လည်း ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၂ နာရီခန့်မှာ စစ်‌‌တပ်က တပ်ကုန်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။