ဓာတ်ပုံ – CJ

လက်ဖက်မြေ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နယ်က ကျေးရွာ ၁ ရွာမှာ သက်ကြီးရွယ်အို ၂ ယောက်သာ နေထိုင်တဲ့အိမ် မီးလောင်လို့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင် လားရှိုးမြို့နယ် ကျယ်ခေါင်ကျေးရွာက နေအိမ် ၁ လုံးမီးလောင်ပြာကျသွားခဲ့တာကြောင့် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေတာပဲ ဖြစ်ပါတယ်။

“မီးကိုသေချာငြိမ်းပြီးမှ အိပ်တာတဲ့။ ညဆိုတော့ လေတိုက်လို့ မီးလောင်သွားတဲ့ သဘောပေါ့နော်။ ဘယ်လိုဖြစ်ပြီး လောင်သွားလည်းတော့ မသိဘူး။ မီးဖိုချောင်ကနေ တဆင့်မီးလောင်တာပေါ့။ အဖွားကတော့ အိမ်ပေါ်ကနေ ခုန်ဆင်းလို့ ဘာမှမဖြစ်ပါဘူး။ အဲအိမ်မှာက သူတို့ ၂ ယောက်ထဲပဲ နေတာပါ။ အခုတော့ သူတို့က တဲထိုးပြီးတော့ နေရတယ်”

နေအိမ်မီးလောင်ဖြစ်ပွါးနေချိန်မှာ အဘိုးဖြစ်သူဟာ နှလုံးဖောက်ပြီး မူးလဲတာကြောင့် ခေါင်းမှာ ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

နေအိမ်တစ်ခုလုံး မီးလောင်ပြာကျသွားလို့ ကျွေးမွေးပြုစုသူ မရှိတော့တာကြောင့် ပြန်လည်ထူထောင်ရေးနဲ့ စားဝတ်နေရေးအတွက် အရေးပေါ်လိုအပ်နေတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။