ပုလဲမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ ကလေးငယ်တွေ ယားနာဖြစ်ပွားနေပြီး အရေးပေါ် ဆေးဝါးအကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ ကလေးငယ်တွေ ယားနာရောဂါဖြစ်ပွားနေပြီး အရေးပေါ် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ အဲဒီကျေးရွာမှာ တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်ဘက်က ရေကာတာဖွင့်ချခဲ့ချိန်ကစပြီး ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတွေ လက်ရှိအချိန်ထိ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံနေရ

တရုတ်ဘက်က ရေကာတာဖွင့်ချခဲ့ချိန်ကစပြီး တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်ထိ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။

ဖားကန့်မှာ စံချိန်တင်ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပြီး အရေးပေါ်အကူအညီ လိုအပ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဥရုချောင်းရေကြီးမှုကြောင့် စံချိန်တင်ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပြီး နေအိမ်တချို့ ရေထဲနစ်မြုပ်ကာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်ရှိ ကုဋေမော်လုပ်ကွက်ဟောင်း မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ ၃ ဦးကို ရှာမတွေ့သေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကုဋေမော်လုပ်ကွက်ဟောင်း မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ ၃ ဦးကို ရှာမတွေ့သေးကြောင်း လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းနောင်က မွေးရာပါ မျက်စိရောဂါပါလာတဲ့ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး ငွေကြေးမရှိလို့ ဆေးမကုသနိုင်ဘဲ ဖြစ်နေ

မွေးရာပါမျက်စိရောဂါပါလာတဲ့ အသက် ၈ နှစ်အရွယ်ရှိတဲ့ မိုင်းနောင်မြို့နယ်က ကလေးတစ်ဦး ခွဲစိတ်ကုသဖို့ အကူအညီလိုအပ်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သူငယ်ချင်းက လိမ်ခေါ်လို့ တရုတ်မယားဖြစ်သွားမယ့် အခြေနေနဲ့ ကြုံခဲ့ရတဲ့ ကူမဲမြို့က အမျိုးသမီးတစ်ဦး ခိုးပေါက်ကဝင်လို့ဆိုပြီး မန်စီမှာ အဖမ်းခံထားရ

‎မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ကူမဲမြို့က အမျိုးသမီးတစ်ဦးကို တရုတ်ပြည်ရှ်ိ သူငယ်ချင်းဖြစ်သူမှ တရုတ်မယားအဖြစ် လိမ်လည်ခေါ်ဆောင်ခဲ့ပြီး ခိုးပေါက်ကနေ ဝင်တာကြောင့် လက်ရှိမှာတော့ မန်စီမြို့မှာ အဖမ်းခံထားရကြောင်း သူနဲ့နီးစပ်သူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ဗန်းမော် ဒေါ့ဖုန်းယန်မြို့နယ် လွန်ကျုံရွာအနီးရှိ နို့ကင်ဆာ ဖြစ်နေတဲ့ စစ်ရှောင် အမျိုးသမီးတစ်ဦး ဆေးကုသဖို့အကူအညီ လိုအပ်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ လွန်ကျုံရွာ အနီးရှိ စစ်ရှောင်စခန်း တစ်ခုက နို့ကင်ဆာ ဖြစ်နေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ဆေးကုသဖို့ အကူအညီ လိုအပ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရွှေကူမှာ ဗန်းမော်က စစ်ရှောင်ကျောင်းသားတစ်ဦး ရေချိုးရင်း ပျောက်ဆုံးသွား

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ရေလှဲဆိပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ဗန်းမော်က စစ်ရှောင်ကျောင်းသားတစ်ဦး ရေချိုးရင်း ပျောက်ဆုံးသွားပြီး ရှာမတွေ့သေးကြောင်း မိသားစုနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

တန့်ယန်းမှာ ကိုရင်ငယ်တစ်ပါး ရေနစ်သေဆုံး

ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ ကိုရင်တစ်ပါး ရေဆင်းချိုးရာက‌နေ ရေနစ်သေဆုံးသွားခဲ့တယ်လို့ တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကောင်းတပ် နေအိမ်ပျက်စီးမှုအတွက် TNLA က ကူညီပေးမှု ပြီးစီးပြီလို့ ထုတ်ပြန်

ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုများခဲ့တဲ့ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကို ကူညီပေးမှု ပြီးစီးပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။