သံတွဲမြို့ အမှတ် (၃) ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် သံတွဲမြို့ အမှတ် (၃) ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ချင်းပြည်တောင်ပိုင်းက မြို့နယ် ၃ ခုကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာကြောင့် ကလေး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကောင်စီက တစ်ရက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရှမ်းမြောက်မှာ စစ်ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာသူ ၉၀၀ နီးပါးရှိ၊ သူတို့တွေကို လူသားချင်း စာနာမှုအကူအညီတွေ ပေးဖို့ TWO တောင်းဆို

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်အထိ ရှမ်းမြောက်မှာ တိုက်ပွဲပဋိပက္ခတွေကြောင့် အရပ်သား ၈၉၄ ဦး ထိခိုက်နစ်နာခဲ့ရပြီး နစ်နာသူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က တောင်းဆိုလိုက်ပါတယ်။

၁၃/အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်က လူထုတွေ ခရီးသွားရင် ရဲစခန်းနဲ့ရပ်ကွက်ထောက်ခံစာ ပါကြဖို့ စစ်ကောင်စီပြော

‎ရှမ်းပြည်အပြင် မြန်မာနိုင်ငံအတွင်း ခရီးသွားလိုတဲ့ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ခရီးသည်အပါအဝင် ကျန်တဲ့ မျဉ်းစောင်းလည်း ရဲစခန်းနဲ့ရပ်ကွက်ထောက်ခံစာ ပါကြဖို့ ကားဂိတ်‌ တွေကို စစ်ကောင်စီက ပြောဆိုထားကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်အောင် ဖိအားပေးပြီး မြေမြှုပ်မိုင်း ရှင်းလင်းနိုင်ဖို့ နည်းပညာနဲ့ငွေကြေး ကူညီပေးဖို့ နိုင်ငံတကာကို TWO တောင်းဆို

စစ်ကောင်စီတပ်ကို မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်တန့်အောင် ဖိအားပေးပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဒေသမှာ ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းနိုင်ဖို့ နည်းပညာနဲ့ငွေကြေး ကူညီပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း- TWO က ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ပြုလုပ်တဲ့ “လုံခြုံမှုကင်းမဲ့သော ဘဝများ” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဖားကန့်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ ဒေသခံ ၃ ဦး ဒဏ်ရာရ

တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့် မရှီကထောင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲလို့ ထိခိုက်မှုရှိ

တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်မှု ရှိနေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ် ထပ်မံ ဗုံးကြဲလို့ ဒေသခံ ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြင်ဦးလွင်က လူထုတွေ စစ်မှု မထမ်းချင်ရင် သိန်း ၂၀၀ ပေးဖို့ စစ်ကောင်စီတပ် ပြော

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်မှုထမ်းစာရင်း ပါသူတွေ စစ်မှုထမ်း ကင်းလွတ်ခွင့်ရဖို့ သိန်း ၂၀၀ ပေးနိုင်တယ်လို့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူက ပြောဆိုထားကြောင်း မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။