ဓာတ်ပုံ- Google

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၈ ရက်

‎ရှမ်းပြည်အပြင် မြန်မာနိုင်ငံအတွင်း ခရီးသွားလိုတဲ့ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ခရီးသည်အပါအဝင် ကျန်တဲ့ မျဉ်းစောင်းလည်း ရဲစခန်းနဲ့ရပ်ကွက်ထောက်ခံစာ ပါကြဖို့ ကားဂိတ်‌ တွေကို စစ်ကောင်စီက ပြောဆိုထားကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဖေဖော်ဝါရီ ၃ ရက်ကစပြီး မန္တလေးက ကားဂိတ်တချို့နဲ့ ရှမ်းတောင်ရှိ ကားဂိတ်တချို့ကို စစ်ကောင်စီနဲ့အုပ်ချုပ်ရေးမှူးတွေက ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

‎၎င်းသတ်မှတ်ချက်တွေဟာ လမ်းမှာ စစ်ဆေးရင် ပြသဖို့နဲ့ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ဖို့ဖြစ်ကြောင်း ရှမ်းမြောက် လားရှိုးရှိ ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

‎”ကျမတို့ဆီ စာရောက်တာတော့ သိပ်မကြာသေးဘူး။ ခရီးသည်တွေက ထောက်ခံစာ မပါရင် ကျမတို့က မတင်ပါဘူး။ ဂိတ်တွေမှာ သက်ဆိုင်ရာက စစ်လို့ တစုံတရာ ပြဿနာဖြစ်ရင်လည်း ကျမတို့ တာဝန်မယူနိုင်ပါဘူး”

‎၁၃/(ရှမ်းမြောက်) မှတ်ပုံတင်ထဲမှာမှ ၁၃/လရန (လားရှိုး)၊ ၁၃/နမတ (နမ္မတူ)၊ ၁၃/ကက (ကုန်းကြမ်း)၊ ၁၃/သပ (သီပေါ)၊ ၁၃/ကမ (ကျောက်မဲ)အပြင် ၅/မရန (မုံရွာ)၊ မမန(မြောင်)၊ ရဘန (ရွှေဘို)၊ ၈/မကန (မကွေး)၊ ၉/မက (မိုးကုတ်)နဲ့ ၁၁/(ရခိုင်) စတဲ့မြို့နယ်တွေ ပါဝင်ပါတယ်။

‎ထုတ်ပြန်ထားတဲ့အတိုင်း မလိုက်နာရင် လိုက်ပါလာတဲ့ ခရီးသည်ကို ဂိတ်က တာဝန်ယူပေးမှာ မဟုတ်တဲ့အပြင် လိုက်ပါစီးနင်းခွင့်လည်း မရှိတော့ကြောင်း နောက်ထပ် ရှမ်းတောင်မှ ကားဂိတ်တစ်ခုက ပြောဆိုပါတယ်။

‎”တရားဝင်စာ ထုတ်ထားတာဖြစ်လို့ လိုလိုမလိုလို သွားတဲ့နေရာတိုင်း ထောက်ခံစာ ပါကြပါ ထမင်းရှင်တွေကို ပြောချင်ပါတယ်။ လိုခဲ့ရင် အဆင်သင့်ဖြစ်အောင်လို့ပါ”

‎၎င်းမြို့နယ်တွေဟာ စစ်ဖြစ်တဲ့ အရပ်ဒေသနဲ့ နယ်မြေမတည်ငြိမ်တဲ့ဒေသ ဖြစ်တာကြောင့် ထောက်ခံစာ လိုအပ်တာလို့ နောက်ထပ် ရန်ကုန်-မန္တလေး ခရီးသွား အမျိုးသမီးက ပြောဆိုပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်ကလည်း မော်လမြိုင်မြို့နဲ့ ရန်ကုန်တိုင်းမှာ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သူတွေကို တည်းခိုခန်းနဲ့ ဟိုတယ်မှာ တည်းခိုခွင့် မပေးတဲ့အပြင် လိုင်းကားတွေလည်း စီးခွင့်မရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။